နွယ်ပင်December 15, 20101min1033
ရခိုင်ပြည်နယ်ရှိ ဂီရိဆိုင်ကလုန်းဒဏ်အများဆုံး ခံခဲ့ရသော မြေပုံမြို့နယ်တွင် ပြီးခဲ့သည့်ရက်ပိုင်းက မိုးသည်းထန်စွာ ရွာသွန်း၍ လေပြင်းမုန်တိုင်း တိုက်ခတ်ခဲ့သောကြောင့် အနည်းငယ်ကျန်ရှိခဲ့သည့် စပါးခင်းများ ထပ်မံပျက်စီးသွားပြီး ယာယီ နေအိမ်များ ပျက်စီးသွားပါသည် ။သို့သော် ထိုသို့ အခက်အခဲများ ဆက်တိုက် ကြုံတွေ့နေရသော်လည်း NGO အဖွဲ့တချို့မှလွဲ၍ အာဏာပိုင်များက တစုံတရာ ကူညီဆောင်ရွက်ပေးခြင်း မရှိသေးကြောင်း ကြားသိရသည်။