herostarJune 6, 20102min690
ဥရောပမှာရှိတဲ့ ဂျူးသင်္ချိုင်းတွေထဲမှာ ဂျာမနီနိုင်ငံ ဗွန်း (Worms) မြို့မှာ ရှိတဲ့ သင်္ချိုင်းက ရှေးအကျဆုံးဖြစ်ပါတယ်။ လွန်ခဲ့တဲ့ နှစ်တစ်ထောင်ကျော်လောက်ကတည်းက မြှုပ်နှံခဲ့ဖူးတဲ့ ဂူသင်္ချိုင်းတွေကို တွေ့မြင်နိုင်ပါသေးတယ်။ အတိအကျ ပြောရလျှင် ၁၀၇၆ မှ ၁၉၄ဝ နှစ်အတွင်းမြှုပ်နှံခဲ့သော အုတ်ဂူများ ဖြစ်ပါတယ်။ လူတစ်ဦး သေဆုံးသွားတိုင်း ကျောက်တိုင် တစ်ခုနှုန်းနဲ့ မှတ်တိုင် ထူခဲ့ကြလေရာ ထိုသင်္ချိုင်းအတွင်း၌ ကျောက်တိုင်ပေါင်း များစွာကိုလည်း ဤသို့ တွေ့မြင်ခဲ့ပါတယ်။ တချို့သော အုတ်တိုင်များပေါ်တွင် စာရွက်လေးများကို ကျောက်ခဲများဖြင့် ဖိထားရာ အကြောင်းရင်းကို မေးကြည့်တော့ မဖြေရှင်းနိုင်သော ပြဿနာများ၊ အခက်အခဲများရှိလာပါက စာရွက်ပေါ်တွင် ရေးသားပြီး အဘိုးအဘွားများကို ကူညီစောင့်ရှောက်ပေးစေရန် ဖြစ်သည်ဟု သိခဲ့ရပါတယ်။ ဂျူးသာသာစကားဖြင့် ရေးသားထားသော သေဆုံးသူတို့၏ ကိုယ်ရေးအကျဉ်းများကို လည်း ဖတ်ရှုနိုင်ပါသေးတယ်။ […]