WowJuly 24, 20121min40830
အပိုင်း(၃) ဂီဂီ သို့ ဂျီမနဲ့ ဦးခိုင် အဲဒီတုံးက ဂျီမက နှစ်ဆယ်စွန်းစွန်း၊ နယ်ကောလိပ်မှာတက်နေရင်း ကျောင်းတွေ ပိတ်သွားတော့ အိမ်ကအဒေါ်တွေနဲ့ရန်ဖြစ် ရန်ကုန်က အဖေ့အမျိုးတွေအိမ်ကို ရောက်လာပြီး သင်တန်းများတက်ဖို့လုပ်နေချိန်။ ဦးခိုင်က ဒေါ်လေးအငယ်ဆုံးရဲ့ ကျောင်းနေဘက်သူငယ်ချင်း၊ ဂျီမထက် ၁ဝ နှစ်လောက်တော့ကြီးမှာပေါ့။ ကျောင်း အပြီး ရန်ကုန်မှာ အိမ်ထောင်ကျနေတဲ့ အမတစ်ယောက်အိမ်မှာကပ်နေရင်း နိုင်ငံခြား အလုပ်ထွက်လုပ်ဖို့ ကြိုးစားနေသူ။ ရန်ကုန်မှာမကျွမ်းသော ဂျီမကို သင်တန်းတွေ လိုက်အပ်ပေး၊ ဟိုဟိုဒီဒီသွားချင်ရင်လိုက်ပို့ပေးဖို့ နယ်က အဒေါ်က အပ်ထားတာပါ။ “ဦးခိုင် သမီးကို ဒီနေ့ ကွန်ပျူတာသင်တန်းအသစ်တစ်ခု လိုက်ပို့ပေးဦးနော်” “ဟိုနေ့က ပို့ပေးတဲ့သင်တန်းမှာ တက်နေပြီမဟုတ်လား ဂီဂီရယ်။ တစ်ခုပြီးမှ တစ်ခုတက်လေ။” “အဲဒါပြောတာ နောက်တစ်နေ့သွားတက်တော့ အဲဒီက စာရေးမက သိပ်အချိုးမပြေဘူး။ သမီးကို […]