etoneMay 17, 20111min27015
ဒီနေ့မနက် …ငါးနာရီ လေးဆယ်လောက်အချိန် … မနက်အိပ်ကောင်းတုန်းရှိသေးတယ် … ဆူဆူညံညံအသံကြောင့် နိုးသွားရပါတယ်… ။ နဂိုကတည်းက စပ်စုတတ်သူမို့ … ဝရံတာထွက်ကာ ဟိုဟိုဒီဒီကြည့်တော့…လူတွေ တစ်စုံတစ်ခုကို အားပြုကာ သယ်နေကြတယ်… ဒိုင်နာကားပေါ်ကို တွန်းတင်နေကြပါတယ်… ။ အိပ်ချင်နေတဲ့မျက်လုံးအစုံကို ပွတ်သပ်ရင်း စပ်စုစိတ်က ထိန်းမရတော့… သူတို့ဘာကိုမပြီး ကားပေါ်တင်နေသလဲ ကြည့်တာ…အားပါးပါး… နည်းတဲ့ ငါးကြီးမဟုတ်ဘူး… ။ ကိုယ်တိုင် မမြင်ရလျှင်တောင် ဒီလောက်ကြီးတဲ့ငါး ဒီကမ်းနားမှာ ဖမ်းမိတာ ယုံမှာ မဟုတ်ဘူး… ဗျက်ကိုက ငါးပေခြောက်ပေလောက်ရှိမယ် … အရှည်ကတော့  ခုနှစ်ပေ ၊ ရှစ်ပေလောက်ရှိမယ် ထင်တယ်… ဝေးနေတော့ မှန်းကြည့်တာ …။စံပြငါးဈေးနားကနေ သယ်လာတာတွေ့တာပါ… လူတွေ အများကြီးဝိုင်းမတာတောင် မနည်းမရတယ်… ။ ကိုယ်လုံးကလည်း ချွဲကျိနေတော့ […]