loneOctober 18, 20111min23817
ပါရီမီ လိုင်းကားများအားလုံး ကို သူ့အချိန်နဲ့သူ တစ်စီးကို ဘယ်နှမိနစ်ဆိုပြီး… သတ်မှတ်ထွက်ခွာဖို့ စည်းကမ်းတင်းကျပ်သင့်ပါသည်။ အခုဆိုရင် လူပါတဲ့ကားက မြန်မြန်မောင်းပြီး…လူမပါတဲ့ကားက တစ်မှတ်တိုင်မှာ အကြာကြီးရပ်လေ့ရှိပါတယ်။ တစ်ခါတလေ ဘာမှန်းမသိ တစ်စီးနဲ့တစ်စီး fight ကြသေးသည်။ လိုင်းကားတွေ ကိုစည်းကမ်းတင်းကျပ်ပေးဖို့ ပါရမီ လိုင်းကားက လူကြီးများ ဆောင်ရွက်ပေးကြ ပါ။ အဲဒါမှခရီးသည်တွေလည်း သွားရလာရလွယ်ကူ ပြီး အချိန်တိကျ ရောက်နိုင်ပါ လိမ့်မည်။ တစ်မှတ်တိုင်ကို ရပ်သင့်တဲ့မိနစ်ထက်ပိုမရပ်ပဲ မောင်းစေချင်သည်။ လမ်းတွေမှာစောင့်ပြီး စာအုပ်တစ်အုပ်နဲ့ စာရင်းမှတ်တဲ့ လိုင်းကားလူကြီး များကလည်း သူတို့ကို ၂၀ဝ လောက်ပေးလိုက်ရင်ကျေနပ်နေကြပြီး…လိုင်းကားတွေမောင်း ချင်တဲ့အတိုင်းမောင်းနေတာကို ခွင့်ပြုထားသည်။ ဂျာနယ်တစ်စောင် ထဲမှာလည်း ကားကျပ်လွန်းသောကြောင့် အဖွားအို တစ်ဦးမူးလဲတာကို ဖတ်လိုက်ရသေးသည်။ အဲဒါဟာ တစ်စီးနဲ့တစ်စီး အချိန်ကန့်သတ်ချက်နဲ့ မထွက်တာကြောင့်မဖြစ်သင့်တာ တွေဖြစ်ကုန်ခြင်းဖြစ်သည်။ […]