manawphyulayJanuary 20, 20121min19511
ဟာ့ဒ်ဒစ်ကို ပြန်စီမယ် ဟာ့ဒ်ဒစ်မှာ နေရာပြန့်ကျဲနေတဲ့ ဖိုင်၊ အချက်အလက်တွေကို ပြန်စီတဲ့ defragment လုပ်ငန်းစဉ်က ထူးခြားလှတယ် မဟုတ်ပါဘူး။ ဝင်းဒိုးစ်စနစ်မှာလည်း ပါရှိလို့ သီးခြား disk defragmenter ဆော့ဖ်ဝဲတွေကို သိပ်မသုံးကြတာပါ။ ဒါပေမယ့် Piriform က ထုတ်လုပ်တဲ့ Defraggler v2.00.230 ကို အခမဲ့ ရယူသုံးနိုင်လို့ ညွှန်းပေးလိုက်ပါတယ်။ ဖိုင်အရွယ်အစား 2.88MB နဲ့ freeware ဖြစ်တဲ့ Defraggler tool မှာ ဟာ့ဒ်ဒစ် partition တစ်ခုလုံးကို defrag မလုပ်ချင်ရင် ဖိုင်တစ်ဖိုင် ဒါမှမဟုတ် ဖိုင်များကို သီးခြားရွေးချယ်လုပ်ဆောင်နိုင်ပါတယ်။ ဟာ့ဒ်ဒစ် partition ကို defrag လုပ်နေချိန်မှာလည်း ဘယ်ဖိုလ်ဒါ၊ ဘယ်ဖိုင်ကို defrag လုပ်နေတယ်ဆိုတာ ပြပေးပါတယ်။ […]