ムラカミNovember 28, 20112min22326
မြိုးမြိုးမြတ်မြတ်ရသဖြင့်တက်ကြွရမှာလား အကျိုးဆောင်ခ တောင် သည်လောက် ရမှ တော့ ထိုနှင့် တူညီသည့် ကျရောက်လာနိုင်သည့် ကြီးစွာသော အန ္တရာယ်အတွက် စိတ်လေးလံရမှာလား ဝေခွဲမရသော ခြေလှမ်းများဖြင့်သူ ပြန်ထွက်လာခဲ့သည်။ ယခုပင် သူ့အိတ်ထဲတွင် ဒေါ်လာ သန်းချီတန်သော(သူပင် အတိအကျတန်ဖိုးမဖြတ်ဝံ့သော) စာစုတွေ ပါလာခဲ့ပြီ မဟုတ်ပါလား...သူ့ခြေလှမ်းတွေက... စည်တရာ သူတကြိတ် လစ်ကွာဆိုင်သို့ ...... နာမည်လေးက အလွန်လှသည် .... ဘီယာ စည်များကြားဝယ် သူရာရည်များ အပြည့်ဖြင့် လူအများ ပျော်ပါးသုံးဆောင်နေကြသည်ကို သရုတ်ဖော်ထားသည့် နီယွန်ဆိုင်းဘုတ်ကို အဝေးမှ ပင် မြင်နိုင်ပါသည်။ အေးလေ ... ဆိုင်ပိုင်ရှင် အမည် ကလည်း ကိုရင်စည်သူ ကိုး ...။ ဂိုင်း ဆိုင်ထဲဝင်လာတော့ ကောင်တာမှာထိုင်သည့် လူဝကြီးမှ ဖော်ရွေစွာပြုံးသည်။ […]


ムラカミNovember 17, 20113min24914
နေရာကား ရန်ကုန်မြို့လည်ခေါင်။ မိုးမျှော်တိုက်တွေက တမျှော်တခေါ် တခုသော မိုးမျှော်တိုက်အောက်သို့ ဂိုင်း ရောက်ချလာသည်။ သူ့ထုံးစံအတိုင်း ဘေးလွယ်အိတ် ၁အိတ်နှင့်။ ယခင်က ထိုနေရာသည် ပန်းဆိုးတန်း စာအုပ်အဟောင်းတန်း သာဖြစ်သည်။ ယခုမူ အဟောင်းတွေ တန်ကြေးကြီးလာသောခေတ်တွင် ထိုသို့ထိုနှယ် ပြောင်းလဲသွားတော့လေသတည်း။ Mandalar Gandawin Enterprise (MG) ကိုပဲကြည့်။ မူလက မလန ရုံးဘေးတွင် အဖီထိုးကာ စာအုပ်ဟောင်းရောင်းရသော ဆိုင်ကလေးဖြစ်သည်။ ရုံးကို အမှီသဟဲပြုကာ ကွမ်းယာ ဆေးလိပ် နှင့် စာအုပ်ချုပ်လုပ်ငန်းကို တွဲလုပ်ရသော ကိုခိုင်မာ တယောက်တည်း စခဲ့ရသော လုပ်ငန်းဖြစ်သည်။ကိုခိုင်မာ ဆိုသည်မှာ မဟာဂန္တဝင် စာရေးဆြာ မောင်ခိုင်မာကို လေးစား အားကျသဖြင့် သူ့ နာမည်ကို ယူထားသော ဆိုင်ပိုင်ရှင် ဦးလေးကြီး ဖြစ်သည်။ […]


ムラカミNovember 10, 20112min25019
သူသည်.. Pae & Brothers စာပြတိုက် တံခါးကို ခပ်ပြင်းပြင်းဆွဲဖွင့်လိုက်သည်.. တံခါးကို ခြေနှင့် ကာထားရင်းစာအုပ်ထုပ်တုပ် ဆွဲချလာသည်။ ဒါဆို သူ သားကောင်တွေ့လာသည့်သဘော ...ကိုပေ သူ့ကို ကူရန် ထလိုက်သည် ရုတ်တရက် ခါးက တချက် မျက်ကနဲ ဖြစ်သွားသည် အော် ..အသက်က စကားပြောသည်ကိုး.... သူကတော့ သန်တုန်းမြန်တုန်း ... ခုမှ အသက် ၄ဝကျော် ... မျက်မှန်တပ်ထားရသည်မှ လွဲလျင် အရွယ်တင်သည် ဆိုနိုင်သည် အင်းလေ... စာပေတော်လှန်ရေး လုပ်တုန်းက သူက တက်ကြွတဲ့ လူငယ်လေးပဲကိုး .... ခုတော့ အတော် ရင့်ကျက်နေပြီ... ဟုတ်ပါသည် ..သူဆိုသည်မှာ Classical Book hunter ဂိုင်း ကို ဆိုလိုပါသည်။.. […]


ムラカミNovember 9, 20113min14713
ကိုကိုကြောင် သည် စိတ်ကို ဒုံးဒုံးချလိုက်၏ နံရံ မျက်နှာကျက် နှင့် ကြမ်းပြင် ကြားဝယ် နံရံထက်မှ မီးဆိုင်း မှ တွဲရရွဲ ခိုနေသော အဖြူရောင် ပိတ်စ တခု.. အတိအကျ ဆိုပါသော် အဆိုပါ ပိတ်စသည် ကွင်းလျောလေးသဖွယ် စီးနှောင်ထားသည် ...ထိုအောက်တွင် ကုလားထိုင်တခု... နေရာကား ...ဒေါ်လာ မီလျံပေါင်းများစွာဖြင့် အနှစ်နှစ် အလလ စုဆောင်းပြုစုအပ်သော စာအုပ်ပေါင်းမြောက်များစွာနှင့်ဖြည်းဆည်းအပ်သော ကိုကိုကြောင်၏ စာကြည့်ခန်း. ... ထိုစာကြည့်ခန်းဝယ် ခေတ်ဟောင်း ခေတ်ပေါ် ခေတ်စမ်း မော်ဒန် သရုပ်ဖော် သရုပ်လွန် သရုပ်ပျက် အစရှိသော စာအုပ်စာတမ်း ပေါင်းစုံရှိသည်။ ဂျာနယ်ကျော် မမလေး ရှိသည်။ လူထုဦးလှ ရှိသည်။ ဒဂုံ တာရာ ရှိသည်။ မြသန်းတင့် […]