water-melonMarch 11, 20121min31936
ဒီနေ့ sunday သင်တန်းလဲပိတ်ချိတ် မနက်ကတည်းက ဘာလုပ်ရမှန်းမသိရောက်တတ်ရာရာ စိတ်ကူးမိတာက ရွာထဲက မန်းလေးသားတွေဖြစ်တဲ့ အန်တီကြီးပေါက် အန်တီလေးစိန်သော့ ရန်ကုန်နဲ့မန်းလေးကို အိမ်ဦးနဲ့ကြမ်းပြင်လို့ ဆော့ကစားနေတဲ့ ဘိုးတော်ရွှေတိုက်တို့နဲ့ဆုံကြမယ့်အကြံထွက်လာတယ်။ ဒါနဲ့ ဖုန်းဆက်တော့ အားလုံးအိုကေတဲ့ အန်တီလေးစိန်သော့က ရွှေစာရံမှာ ဓာတ်ပုံ indoor ထွက်နေလို့နည်းနည်းနောက်ကျမယ်တဲ့။ ချိန်းတဲ့အချိန်က မြန်မာစံတော်ချိန် နေ့လည် ၂ နာရီ။ မနက်ကတည်းက ရေမချိုးရသေးတော့ ၁ နာရီလောက်မှ ရေချိုး လိုးရှင်းလူး ရှိုးထုတ်ပြီး အိမ်ကထွက်မလို့ ပြင်နေတုန်း ဘောင်းဘီထဲက ဖုန်းက တော်တီးတီးတော်ဆိုပြီး ထမြည်၊ ကိုင်လိုက်တော့ ဘေးအိမ်က ကောင်မလေး အမေဖုန်း၊ သူ့သမီးကိုခေါ်ပေးပါတဲ့ ဒါနဲ့ခေါ်ပေးပြီတော့ ချိန်းထားတာ နောက်မှကျအောင် ၂ နာရီ ၄၅ လောက် အိမ်ကထွက်မယ်ပေါ့။ ဖုန်းကိုလည်း စောင့်ရင်း […]