poochNovember 17, 20121min51154
ခုရက်ပိုင်း ဟစ်ဖြစ်နေတဲ့ ဟိုနားတစ ဒီနားတစ ဖတ်မိလိုက်တဲ့ သတင်းတပုဒ်ပါ။ ၁၄ ရက် နေ့က ထုတ်တဲ့ Weekly Eleven ရယ် ၁၆ ရက်နေ့မှာ ထုတ်တဲ့ Bi Weekly Eleven စာစောင်ထဲမှာ ပါပါတယ်။ စီအိုင်အေရဲ့ ညွှန်မှူး အသက် ၆ဝ ရှိတဲ့ ဒေးဗစ် ပီးထရော့စ်က ( ကလေးနှစ်ယောက်ဖခင် အိမ်ထောင်သည်) သူဟာ အိမ်ထောင်ရေးဖောက်ပြန်ခဲ့ပါတယ်လို့ ဝန်ခံပြီး ရာထူးက နှုတ်ထွက်ခဲ့တဲ့ သတင်းပါ။ သာမာန်ဆိုရင်တော့ သူတို့ လို ဒီမိုကရေစီ ဘိုးအေ တိုင်းပြည်တွေမှာ ( လူ့အခွင့်ရေးလို့ တဆာဆာ အော်တတ်တဲ့ တိုင်းပြည်တွေ ) အထူးသဖြင့် ကိုယ်ရေးကိုယ်တာတွေဟာ သူတို့ရဲ့ အသက်မွေးဝမ်းကြောင်းနဲ့ ဘာမှ မစပ်ဆိုင်သလို […]


poochSeptember 20, 20122min88265
ဒီရက်ပိုင်း မှာ K-Wave လို့ တင်စားကြတဲ့ ကိုရီးယားရဲ့ အနုပညာလှိုင်း ရိုက်ခတ်မှုက အတော်လေးကို အဟုန်ပြင်းလာတာတွေ့မိတယ်။ လတ်တလော အနောက်ကမာ္ဘမှာပါ hit ဖြစ်သွားတဲ့ Psy ရဲ့ Gangnam style သီချင်းကို ဂီတကြယ်ပွင့်တွေဖြစ်တဲ့ Chris Brown အစ Taylor Swift အလယ် Britney အဆုံး အစရှိတဲ့ သူတွေတောင် မလွန်ဆန်နိုင်ကြရှာပါဘူး ။ ၂၀၁၂ ရဲ့ MTV ဆုပေးပွဲမှာ အုတ်အော်သောင်းနင်း အားပေးကြပါတယ်။ ကြည့်ရတာ Wonder Girl ရဲ့ Nobody But You ဆိုတဲ့ သီချင်းထက်တောင် ပေါက်သွားပုံရပါတယ်။ စလုံးကလည်း Gangnam style ကို သူ့နည်းသူ့ဟန်နဲ့ ပြန်လည်ဆန်းသစ်သလို မလေးကလည်း […]


poochMarch 12, 20122min43268
နာမည်က သစ်ခွ တဲ့။ အဓိပါ္ပယ်ကတော့ သစ်ပင်မှာ ခွပေါက်လို့ သစ်ခွပေါ့။ အနောက်နိုင်ငံတွေက orchid လို့ ခေါ်တဲ့ ပန်းကို ရှေးမြန်မာတွေ က ကိုယ့်နည်းကိုယ့် ဟန်နဲ့ သစ်ခွလို့ ကင်ပွန်းတပ်ခဲ့ကြတာပါ။ သီအိုဖရေးတပ် ဆိုတဲ့ ဂရိလူမျိုး ပန်းဝါသနာရှင်တယောက်က orchid ကို စတင်တွေ့ရှိပြီး မှတ်တမ်းတင်ခဲ့ကြတယ်လို့ ဆိုပါတယ်။ နောက်ပိုင်း ဝိတိုရိယဘုရင်မခေတ် လက်ထက်ကျမှသာ အင်္ဂလန်တိုင်းပြည်များကို ပျံနှံ့ပြီး ဒီမူရင်း ဂရိ စကားလုံးအတိုင်း ခေါ်ဝေါ် သုံးစွဲခဲ့ကြတာပါ။ ဂရိလူမျိုးတွေကတော့ သစ်ခွဆိုတာ( virility) လို့ ရည်ညွှန်းခဲ့တယ်။အလွန်အင်မတန်ရှေးကျလှတဲ့ အဓိပါ္ပယ်ဖွင့်ဆိုမှု နောက်တခုက သစ်ခွပန်းဆိုတာ ချမ်းသာကြွယ်ဝမှုတွေ ချစ်ခြင်းမေတ္တာ နဲ့ ပြီး ပြည့်စုံတဲ့ အလှပတရားတွေကို ပိုင်ဆိုင်တဲ့ အရာလို့ ဖွင့်ဆိုခဲ့ကြပါတယ်။ နောက်ပိုင်း […]


poochDecember 25, 20111min34525
“ကျနော့်ရဲ့ သတင်းထောက်သက်တမ်း နှစ် ၂ဝ အတွင်းမှာ နိုင်ငံတော်တော်များများကို သွားပြီး သတင်းရေးသားခဲ့ဖူးပါတယ်။ မြန်မာ က အခုထက်ထိ ကျနော့်အသဲစွဲ ဖြစ်နေဆဲပါပဲ။ ရန်ကုန်ကိုလည်း ကျနော် ချစ်တယ် ။ ဘယ်နေရာမှာမှ ဒီလိုမြို့မျိုးမ ရှိနိုင်ဘူးလေဗျာ။ လာမဲ့ နှစ်တွေ အတွင်းမှာ ရန်ကုန်ကို ရှေးမူမပျက် ပြန်လည်ဆန်းသစ်ပြီး ပြုပြင်လိမ့်မယ်လို့လည်း အရမ်းမျှော်လင့်မိတယ်။ တကယ်လို့သာ ကိုယ်ပိုင်ဟန် မရှိဘဲ အချိုးမကျတဲ့ အဆောက်အအုံ သစ်တွေ အများကြီးဖြစ်လာမယ် ဆိုရင် သေချာတယ် ။ အဲ့ဒီအရာတွေက ရန်ကုန်ရဲ့ ရှေးဆန်တဲ့ အလှအပတွေကို ဝမ်းနည်းစရာကောင်းအောင် ဖျက်ဆီးပစ်လိမ့်မယ်လို့ ကျနော် ထင်တယ်။ ” တိုင်းမ်မဂ္ဂဇင်း ပင်တိုင်ဆောင်းပါးရှင် အင်ဒရူးမာရှယ် ကို ဟီလာရီ မြန်မာပြည်ခရီးစဉ် ရက်များ အတွင်းမှာ […]


poochAugust 16, 20111min42927
အော်…ဖြစ်မှဖြစ်ရလေ မြန်မာ့ ယဉ်ကျေးမှု၊ မြန်မာ့ဝတ်စုံကိုများ ပုံတူကူးချတယ်တဲ့။ ရှင့်မှာ ခိုင်လုံတဲ့ သက်သေ အထောက်အထားရှိသလား ရှုံးလူ…မြန်မာအမျိုးသမီးတွေ မင်္ဂလာဆောင်ရင်ဝတ်တဲ့ ထိုင်မသိမ်းဝတ်စုံ ချိတ်ထမိန်ကို ရှင်ဘယ်နိုင်ငံက အမျိုးသမီးတွေဝတ်တာများ တွေ့ဖူးသလဲ.. မြန်မာနိုင်ငံဆိုတာ များပြားလှတဲ့ လူဦးရေ၊ အင်မတန်များတဲ့ ယဉ်ကျေးမှုအဆင့်အတန်း၊ အယူဝါဒတွေ စတဲ့ နိုင်ငံကြီး နှစ်နိုင်ငံဖြစ်တဲ့ အိနိ္ဒယ နဲ့တရုတ်ကြားမှာ တည်ရှိနေတာပါ။ အိနိ္ဒယ မှာ ဇာတ်နိမ့် ဇာတ်မြင့်က စလို့ အယူဝါဒတွေ အမျိုးမျိုးထွန်းကားတယ် ။ တရုတ်ဆိုတာကလည်း အတတ်ပညာ များစွာကို မွေးဖွားပေးတဲ့ နို်င်ငံကြီး။ အဲဒီက အိမ်နီးချင်း ယဉ်ကျေးမှုများကို မြန်မာနိုင်ငံက လက်ခံ သုံးစွဲခဲ့တယ် ဆိုတာ မှန်ပါတယ်။ ဗုဒ္ဓဘာသာ ဆိုတာ အိနိ္ဒယက လာတာပါ။ ဒါပေမဲ့ မြန်မာ့ […]


poochAugust 14, 20111min1476
  ဧရာဝတီအကြောင်းကို မြင်နေ ကြားနေရတာတွေကြောင့်  စိတ်ထဲမကောင်းဘူး .. ကိုယ်တိုင်ကလည်း သွယ်ဝိုက်သော နည်းအားဖြင့် ဧရာဝတီ ထဲမှာ ကျင်လည် ကျက်စားနေတဲ့ ရေလုပ်သားတွေ နဲ့ (အလုပ်သဘောအရ)ခဏာတာ ပတ်သတ်ခဲ့ဖူးတာကြောင့် တကယ့်လက်တွေ့ သူတို့ဘဝတွေ ဟာ ဘယ်လို ခက်ခဲကြမ်းတမ်းတယ် ဘယ်လိုရုန်းကန်ရတယ်ဆိုတာတွေကို  မြင်ဖူးခဲ့ပါတယ်.. စိတ်ဝင်စားတယ်ဆိုရင် ဧရာဝတီ မြစ်ကမ်းဘေးကို တရက်လောက် သွားပြီး နေထွက်တဲ့ အချိန်ကနေ နေဝင်တဲ့ အချိန်ထိ သွားပြီး ထိုင်ကြည့်စေချင်ပါတယ် ..ဘဝတွေ ဘဝတွေ …ကိုယ်တခါမှ မကြုံဖူး တဲ့ အနေအထားမျိုးမှာ ဘယ်လိုသဘာဝတွေ ဘယ်လို လူနေမှု ပုံစံတွေနဲ့ ရှင်သန်နေကြတယ်ဆိုတာ အရမ်းစိတ်ဝင်စားစရာကောင်းပါတယ်..စစချင်းတော့ သူတို့လူနေမှုစရိုက်ဟာ ကြမ်းတမ်းလိုက်တာ ၊ ညစ်ပတ်လိုက်တာ ၊ ရိုင်းလိုက်တာလို့ သူတို့ပြောပုံဆိုပုံ နေပုံထိုင်ပုံတွေကြောင့် […]