lu ta loneJune 15, 20101min741
စိတ်ထပ်ခြင်းဆိုတာ မြန်မာလို လှပအောင် ဘာသာပြန်လိုက်တာပါ။ စိတ်ပညာမှာ (Councelling Psychology ) ဆိုတာ ဘာသာရပ်တစ်ခု အနေနဲ ့ သင်ကြားရပါတယ်…။မြန်မာလို အတိအကျဘာသာပြန်ရရင် နှစ်သိမ့်ဆွေးနွေး ပညာပေးလမ်းညွှန်ခြင်းပေါ့….။ စိတ်ဟာ အရာအားလုံးကို ဖြစ်ပျက်ပြောင်းလဲစေနိုင်ပါတယ်….။ဖန်တီးပြုပြင်နိုင်တယ်…။စိတ်ကြောင့်ပဲ ဘဝတွေ တိုးတက်အောင်မြင်တယ်…။စိတ်ကြောင့်ပဲ ဘဝကို နိမ့်ကျစေတယ်…။စိတ်ကြောင့် ကြေကွဲဝမ်းနည်းရသလို …စိတ်ကြောင့်မုန်းတီးနာကျည်းခြင်းတွေ ပေါ်ပေါက်လာရသလို စိတ်ကြောင့်ပဲ ခွင့်လွှတ်နားလည်ပေးခြင်းတွေ ပေါ်ပေါက်လာပြန်တယ်….။လူတစ်ယောက်ရဲ ့စိတ်ကို လူတစ်ယောက်က control လုပ်လို ့တော့ မရနိုင်ပါဘူး……..။ ဒါပေမယ့်…စိတ်ဒုက္ခ (တစ်နည်း ပြောရရင် စိတ်ဓာတ်ကျ ဝမ်းနည်းကြေကွဲမှုတွေ ) ကို နှစ်သိမ့်ဆွေးနွေး အားပေးခြင်းဖြင့် သူ ့စိတ်ကို သူကိုယ်တိုင် ပြန်လည်မြင့်တက်လာစေအောင် စွမ်းဆောင်ပေးနိုင်ပါတယ်….။ အဲဒါဟာ Councelling ပါပဲ……။ ပညာရှင်တွေက ဒါကို “It […]