barnaySeptember 24, 20111min1123
ကျနော်တို့တတွေ ဂရုစိုက်ခြင်းဆိုတဲ့ အရာကို ငယ်ငယ်လေးကတည်းက နားလည်လာခဲ့ကြပေမဲ့ သူ့ရဲ့ နက်နဲမှုကို သေချာ မသိခဲ့ကြဘူး ..။ အများအားဖြင့် အပေါ်ယံလောက်ကိုသာ သိပြီး စိတ်ထဲ နှစ်ပြီး မထားတတ်ကြဘူး ..။ တချို့လည်း အပေါ်ယံသာ ဂရုစိုက်သယောင် ရှိတတ်ပြီး စိတ်ထဲ မပါတတ်ကြပြန်ပါဘူး ။ အဲ့ဒီလို အမျိုးမျိုး အထွေထွေ ရှိတတ်ပြန်ရာ အံဝင်ခွင်ကျ ဂရုစိုက်ခြင်း ဆိုတာဟာလည်း ရှားပါနေပါတယ် ။ ဂရုစိုက်ခြင်းဟာ ဘာလဲဆိုရင် သာမန်လုပ်နေကြ ၊ ဖြစ်နေကြ လမ်းကြောင်းကနေ သွေဖီပြီး ဆိုးကျိုး ဖြစ်မှုတွေကို တားဆီးတဲ့ အနေနဲ့ ၊ ပြုပြင်ပေးတဲ့ အနေနဲ့ ထိန်းသိမ်းစောင့်ရှောက်ခြင်းကို ဆိုလိုချင်တာပါ ။ ထိန်းသိမ်းစောင့်ရှောက်ခြင်း ၊ ဂရုစိုက်ခြင်းမှာ .. ကိုယ့်ကိုယ်ကို […]