ေမာင္ရိုးApril 3, 20121min44832
မကြာသေးမှီကဘဲ ဈေးဝယ်စင်တာကြီးတစ်ခု ရန်ကုန်မှာဖွင်.ပြန်ပြီ ။ထုံးစံအတိုင်းအသစ်ဆိုတော.လည်းစည်ကားတာပေါ.ဗျာ။ နေရာကလည်း ကောင်းမှကောင်း ၊ ပြည်လမ်းမပေါ် မြန်မာ.အသံအနီး ….ဝင်ပေါက်ဆိုရင်လည်း ပြည်လမ်းဘက်ကဘဲဝင် မလား ….ဒါမှမဟုတ် ကျွန်းတောလမ်းဘက်ကဘဲဝင်မလား….အဆင်ပြေမှပြေ ။နေရာကလည်းကောင်း အလွန်လဲ ခန်းနားထည်ဝါလှတဲ.ဈေးဝယ်စင်တာကြီးပါ ။ကျွန်းတောလမ်းဘက်ကဆိုရင် လက်ရှိကားပွဲစားတန်းနဲ.မျက်နှာချင်းဆိုင်ဆိုတော. နေ.ရော ညရော ကျိတ်ကျိတ် တိုးနေတာဘဲဗျို. …..။ ဆာမိတို.မိသားစုလည်း ဖွင်.ပြီးတစ်ပတ်အတွင်းမှာဘဲရောက်ခဲ.ကြပါတယ် ။ဘာရယ်မဟုတ်ဘူး ဟိုငေး ဒီငေးပေါ.ဗျာ…။ အင်မတန်ကျယ်ဝန်းတဲ.ကားပါကင်နဲ.ရှုပ်ထွေးတဲ.လမ်းပြအမှတ်အသားတွေကိုကျော်ဖြတ်ရင်း တဖက်ကားတွေနဲ.လည်း မကြာခဏခေါင်းချင်းဆိုင်မလိုဖြစ်သေးတာပေါ. ….။ ကားပွဲစားတန်းနားကဈေးဝယ်စင်တာမို.လားမသိ ၊မမြင်ဘူးသေးတဲ.မော်ဒယ်မြင်.ကားတွေ၊နံပါတ်မတတ်ရသေးတဲ.သင်္ဘောချ ကားတွေအပြည်.ဘဲဗျို. ။ဆာမိကတော.မမြင်မကန်းနဲ.ဆိုတော.မရှင်းလင်းတဲ.လမ်းညွှန်တွေကြောင်.လမ်းပြောင်းပြန်မောင်း ရင်းနဲ.မော်ဒယ်မြင်.ကားတွေကြားမှာမပွတ်မိ မတိုက်မိအောင် ဘုရားတခဲ.ရပါတယ်။အဲဒီတုန်းက လမ်းပြဝန်ထမ်းလည်းမရှိ သေးလေတော. စမ်းတဝါးဝါးနဲ.ပါ . …….။ ဒီလိုနဲ. စင်တာထဲဝင်လိုက်တော. ….အားပါး းးးးး ….မျက်လုံးကိုကျိန်းစပ်သွားတာဘဲ ….။ဆာမိက ကျွန်းတော လမ်းဘက်ကဝင်တော. ဝင်ဝင်ချင်းမှာ စိန်ထည်အရောင်းဆိုင်တွေနဲ.တန်းတွေ.ရတာပါ။စိန်ထည်တွေများရောင်းနေလိုက် […]