thit minOctober 8, 20113min1317
[ရွှေစံချိန်စံနစ်ဆိုရာဝယ်မှာသူကြီးပေးတဲ့ကော်မန့်ကိုထပ်ရှင်းချင်လို့ (၂)လုပ်လိုက်ရပါတယ်။ မည်သို့ပင်ဖြစ်စေကာမူ ဆက်ပြီး(၃)တော့မလုပ်တော့ပါဘူးသူကြီးခင်ဗျား၊လေးစားပါသည်။] သူကြီးကော်မန့်ထဲကဒီဝေါဟာရလေးတွေကိုရှင်းလင်းပေးပါမယ်။ပြီးတော့ကျနော်ပြောပြချင်တာလေး ပြောပြပမယ်။ The supply of money goes up. The supply of goods goes down. Demand for money goes down. Demand for goods goes up. supply of money ဒါမှမဟုတ်  money supply ဆိုတာ စီးပွါးရေးဈေးကွက်ထဲမှာလည်ပတ်နေတဲ့ ငွေတွေပါ။ငွေသား(Cash)နှင့်အတူ Credit Card တွေအပါအဝင်ဘယ်လိုငွေကြေးကိုကိုယ်စားပြုတဲ့အထောက်အထားမဆိုပါဝင်ပါတယ် ဒါပေမဲ့အဲဒါတွေကဈေးကွက်မှာလည်ပတ်နေရမှာပါ။ မလည်ပတ်ဘူးဗျာ။သိမ်းထားမှာလို့ခင်ဗျားပြောမလား။အိုကေ!အဲဒီလိုသိမ်းထားပြီဆိုရင်Demand for  money ဖြစ်သွားပါပြီ။လူတဦးဖြစ်တဲ့ခင်ဗျားတင်မကပါဘူး။ဘဏ်တွေကလဲရီဇာ့ဗ်ဆိုပြီး သိမ်းထားတာပါပဲ။အလွယ်ပြောရရင်အပေါ်နဲ့ဆန့်ကျင်ဘက်ဈေးကွက်မှာမလည်ပတ်နေဘူးဆိုတဲ့ ငွေကြေးတွေပါ။ အောက်က၂ ခုကတော့သိကြမယ်ထင်ပါရဲ့။ The supply of goods goes down. […]


thit minOctober 8, 20111min1337
{ပထမတော့ကိုနေဝန်းနီးကိုကော်မန့်ရေးနေတာပဲ၊ နောက်တော့ရေးရင်းနဲ့ဆွေးနွေးစေချင်လို့ပို့စ်ဖြစ်သွား ပါတယ်၊ } ရွှေစံချိန်စံနစ်(gold standard)ကို၁၈၁၃ ခုနှစ်ဂရိတ်ဗြိတိန်မှာ စခဲ့ပြီး၁၈ရာစုအလယ်လောက်က ဥရောပမှာကျင့်သုံးရင်းကနေ တဖြည်းဖြည်းပြန့်နှံ့လာခဲ့ရာက၊ ၁၉၃ဝခုနှစ်ရဲ့ (စူးအက်တူးမြောင်းအပြီးမှာဝယ်မဲ့သူမှန်းပြီး ပစ္စည်းတွေစွပ်ထုတ်တာကစတဲ့)ကမာ္ဘစီးပွါးပျက်ကပ် ကြောင့် အဲဒီတကြိမ်(ကျင့်သုံးနေခဲ့တဲ့ဥရောပနိုင်ငံ)တချို့က မကျင့်သုံးခဲ့တော့တာရှိခဲ့ပါသေးတယ်။ ၁၉၄၄ ခုနှစ်မှာဘရိုက်တန်ဝုဒ်(Bretton Woods, New Hampshireမှာကျင်းပခဲ့တာပါ) သဘောတူညီချက်နဲ့အပြည်ပြည်ဆိုင်ရာငွေကြေးရံပုံငွေအဖွဲ့(International Monetary Fund- IMF) ကိုထူထောင်ခဲ့ပါတယ်။ ၁၉၄၆ခုနှစ်မှာ ကုန်သွယ်ရေးလိုအပ်ချက်အရအမေရိကန်ဒေါ်လာကိုချိတ်ဆက ်(Peg)ပြီး၊ ရွှေကိုပုံသေ တန်ဖိုး(fix) ထားတဲ့ရွှေစံချိန်စံနစ်ကို အဲဒီတုန်းကလက်မှတ်ထိုးခဲ့ကြတဲ့ ၄၅ နိုင်ငံက သဘောတူခဲ့ကြပါတယ်။ ၁၉၄၇ ခုနှစ်မှာအဲဒီဘရိုက်တန်ဝုဒ်ကပဲဂတ်(General Agreement on Tariffs and Trade-GATT)ကိုထူထောင်ခဲ့ပြီးအဲဒီ (GATT)အဖွဲ့ကြီးကပဲ ၁၉၉၅ ခုနှစ်မှာ (World Trade Organization- WTO) ရယ်လို့ဖြစ်လာတာပါ။ ရွှေစံချိန်စံနစ်က အားသာချက်တွေရှိပေမဲ့အားနည်းချက်တွေများခဲ့တဲ့စံနစ်တခုပါ။ အားနဲချက်များစွာထဲကထင်ရှားတာ တခုကိုပြောရရင်တူးလို့ရတဲ့ရွှေပမာဏဟာနိုင်ငံတကာ […]