black chawJune 20, 20141min45125
ပလေးဘွိုင်းသန်းနိုင် ကျွန်တော်ပဲ…၊ ခဲနဲ့ပေါက်မယ် သီချင်းဆိုတယ်…၊ ဂျက်ဇ်ဘေ့စ် ကျော်နိုင် အမိုက်ဆုံး…၊ ကျော်မင်းလိုကွယ် အမြူးဆုံး ဒစ္စကိုဘုရင် ပလေးဘွိုင်း…ရေး…။ ပလေးဘွိုင်း ခေတ်ကောင်းစဉ်က ကိုသန်းနိုင်ဆိုခဲ့ဖူးတဲ့ ပလေးဘွိုင်း ဘွဲ့ သီချင်းလေးပါ…။ Band ကလည်း ပလေးဘွိုင်း…၊ အဆိုတော်ကလည်း ပလေးဘွိုင်း…၊ ပရိသတ်ကလည်း ပလေးဘွိုင်းမှ ပလေးဘွိုင်း…။ ဟုတ်ပါတယ် ကျောင်းဒကာ…။ ပလေးဘွိုင်း ဆိုတာ မြန်မာပြည်ထဲမှာတော့ အထင်ကရ တီးဝိုင်းတစ်ဝိုင်း ဖြစ်ခဲ့ဘူးတာပါ…။ အဆိုတော် ဖြစ်တဲ့ သန်းနိုင်တောင် ပလေးဘွိုင်းသန်းနိုင် ဖြစ်ခဲ့တဲ့ အထိပါ…။ အခု အေသင်ချိုဆွေ လက်ရဲဇက်ရဲ လုပ်ချလိုက်တာက ပလေးဘွိုင်း…တဲ့…။ သူမရဲ့ တတိယမြောက်စီးရီး အမည် ခင်ဗျ…။ ကိုသန်းနိုင် သီချင်းတွေလည်း ဟုတ်ပုံမရပါဘူး…။ ဘာတတ်နိုင်မှာလဲဗျာ…။ ပလေးဘွိုင်းဆိုတာက ဘယ်သူယူသုံးသုံး ရနေတဲ့ […]