Swal Taw YwetJanuary 13, 20146min32430
မန်းဂေဇက်ချစ်သူများ စာပေ၊ကဗျာဆုပေးပွဲနှင့် မြန်မာဂေဇက်အဖွဲ့ဝင်များတွေ့ဆုံပွဲကြီးကား ၁၂ ဇန္နဝါရီ ၂၀၁၄ မနက်ပိုင်းကကျင်းပပြီးသွားပေပြီ။ အများစိတ်ဝင်စားနေသည့် မန်းဂေဇက်လျှို့ဝှက်မှတ်တမ်းကြီး ပျောက်ဆုံးနေမှု နောက်ဆုံးအခြေအနေအားသိချင်လွန်းနေသည့် ကျနော်သည် ထိုင်စောင့်မနေနိုင်တော့ဘဲ တာဝန်ယူထားသည့် စုံထောက်ကိုမြင့်ကျော်အား လိုက်လံရှာဖွေမေးမြန်းမိတော့သည်။ အောက်တွင်ဖေါ်ပြထားသည်မှာကား ကိုမြင့်ကျော်ဧ။် သတင်းပို့ချက်ပင်တည်း။ အမှန်တကယ် သတင်းပို့ချက်မှာ ဌာနဆိုင်ရာအသုံးအနှုံးများဖြစ်သဖြင့် စာရှုသူတို့ ညီးငွေ့သွားပေလိမ့်မည်။ ဖတ်ကောင်းစေရန် ကျနော် တတ်သရွေ့ ပြုပြင်ရေးသားပေးထားပါကြောင်း၊ လိုအပ်သည့်နေရာများတွင် သက်သေခံဓါတ်သေများလည်း ဖြည့်ဆည်းပေးထားပါကြောင်း အသိပေးအပ်ပါသည်။ မပြည့်မစုံသည်များရှိသည်ဟု ဆန္ဒဖေါ်ထုတ်ပွဲများလုပ်ခဲ့ပါက နောက်ဆက်တွဲ များဆက်ရွေ့လာမည်ဖြစ်ပါသည်ခလို။ ကိုမြင့်ကျော် သတင်းပေးပို့ချက်။ အိုင်အိုရေ။ ကျနော် တို့တော့ ဒုက္ခသာဓုဘဲဗျာ။ မနေ့က ကျနော် ဟို မှတ်တမ်းကြီးပျောက်ဆုံးမှုအတွက် ကန်တော်ကြီးကို သွားမယ်လို့ပြောထားခဲ့တာဟုတ်။ ကျနော် သွားတော့ သူတို့တွေပညာပြတာ လှလှကြီးခံလိုက်ရတာဗျ၊ ပြောရမှာတောင် ရှက်မိပါရဲ့။ ဒီလို […]