mihninlayJanuary 15, 201125min871
နှုတ်ဖျားမှသည် ခွန်းသီဆို သည် မဟုတ်။ လက်ဖျားမှ သည် လင်္ကာ သီသည် မဟုတ်။ မျက်လုံးမှ သည်..စကားဆိုသည် မဟုတ်။ ခြေထောက်များကလည်း စကားပြောသည်။ မယုံလျှင် ပုံပြင်သာ မှတ်ပေရော့။ ဤခြေထောက်ပိုင်ရှင်သည် ကျွန်ရှေ့ဒူးမထောက် မြန်မာပြည်လွတ်မြောက်အောင် အသက်စတေးပေးခဲ့သော ပြည်သူ၏ ဖခင် အာဇာနည် ဤခြေထောက်ပိုင်ရှင်သည် တရုပ်ကို ကပ်မြှောက် မြန်မာပြည်ကို ချောက်ထဲကျအောင် လမ်းပြမြေပုံဆွဲ၍ တွန်းပို ့နေသူ လူယုတ်မာ အာဏာရှင်။ သူကတော့ ပေးတာယူ ကြွေးတာစား မင်းပွဲ စိုးပွဲ သာ တက်ချင်သော ခြေထောက်ပိုင်ရှင် သူကတော့ မှန်တာလုပ်ဖို ့ဆို ရုံး ဂတ် အချုပ်မကြောက် သေနတ်များရှေ့ကပင် ဖြတ်လျှောက်ရဲသူ သတ္တိ ခြေလှမ်းရှင်။ စင်ကြယ်ဖိနပ်စီးသော်လည်း မစင်ကြယ်တဲ့ ဒီခြေထောက်နဲ့ […]