Yin Nyine NwayMarch 24, 20111min24018
မိုက်တ်သည် အင်္ဂလိပ်လက်ဝှေ့ အားကစားသမားဖြစ်သည်။ လက်ဝှေ့ထိုးခြင်းမှ အနားယူလိုက်သောအခါ ဝလာသည်။ ၂၀၀၃-ခုနှစ် ဩဂုတ်လတွင် အသက် ၂၉-နှစ်ရှိ မိုက်တ်သည် သူ့မိခင်၏ ဇာတိဖြစ်သော စပိန်နို်င်ငံ ပုနီဩလ်မြို့ငယ်လေးသို့ အပန်းဖြေခရီး ထွက်ခဲ့သည်။ တနှစ်တခါ ကျင်းပမြဲဖြစ်သော ခရမ်းချဉ်သီးပွဲတော်နေ့နှင့် ကြုံဆုံတိုက်ဆိုင်သည်။ တိုးဝှေ့လူအုပ်ထဲမှမိန်းမချောလင်ဒါနှင့် မြင်လျှင်မြင်ချင်း ချစ်ခင်စွဲမက်ကြပြီး ၄-လအကြာ၌ အိမ်ထောင်ပြုကြလေသည်။ မိုက်တ်သည် ဤမြို့လေးကို နှစ်သက်သည်။ ယောက္ခမကလည်း မိုက်တ်ကို ဤမြို့တွင်ပင်နေစေလိုသည် ဖြစ်၍ ခရမ်းချဉ်သီး အရောင်းအဝယ်လုပ်ငန်းကို တည်ထောင်ပေးသည်။ လင်ဒါတို့ တမိသားစုလုံး ခရမ်းချဉ်သီးကို ကြိုက်နှစ်သက်ကြသည်။ ခရမ်းချဉ်သီး ငန်းအသည်းကြော်ချက်၊ ခရမ်းချဉ်သီးပြောင်းဖူး ဟင်းရည်ပျစ်၊ ခရမ်းချဉ်သီးတို့ဟူးကြော်ချက် စသည့် အနံ့အရသာကောင်း၍ အဆင်းပါလှသော ဟင်းမျိုးစုံချက်စားလေ့ရှိသည်။ သို့သော် မိုက်တ်ကတော့ အကျင့်အရ ခရမ်းချဉ်သီးကို အသီးတမျိုးကဲ့သို့ အစိမ်းစားရသည်ကို […]