Khaing KhaingJuly 30, 20121min35664
ရုံးမှာ အလုပ်လုပ်နေရင်း အိမ်သာသွားတုန်း ဝင်လာတဲ့အတွေးလေးတစ်ခုကို ပို့စ်တင်မိတာပါ …. အိမ်သာတက်ပြီးလက်ဆေးမယ်လုပ်တော့ လက်မဆေးရင်ကော တကယ်ရောဂါရသလား မရဘူးလား … 🙂 အညစ်အကြေးတစ်ခုခုကိုင်ပြီးတိုင်း လက်ကိုဆပ်ပြာနဲ့ဆေးကြောရင် သန့်ရှင်းတယ် ရောဂါပိုးတွေကို ကာကွယ်တယ်လို့ကြားဖူးပါတယ် …. ညစ်ပတ်နေတဲ့လက်ကို ဆပ်ပြာနဲ့ဆေးကြောရင် သန့်ရှင်းသွားတာ ရိုးရိုးအမြင်နဲ့ကြည့်ရင် သိသိသာသာမြင်နိုင်ပါတယ် … ရောဂါပိုးမွှားတွေ တစ်ကယ် သေမသေ တကယ်စင်မစင်ကို သေချာမသိဘူး …. ဥပမာ … ဝမ်းလျှောဝမ်းကိုက်နေတဲ့သူတစ်ယောက်ဟာ အိမ်သာတက်ပြီးလက်ဆေးရင် ထိုဝမ်းရောဂါပိုးတွေက တကယ်သန့်စင်သွားသလား … ကျွန်မ ဘတ်(စ်)ကားတွေစီးပြီးရင် အိမ်ရောက်တာနဲ့ လက်ကိုချက်ခြင်းဆေးတဲ့အကျင့်ရှိပါတယ် ………. ကိုယ်ကသန့်ရှင်းစေချင်လို့ လက်ကိုဆေးလိုက်တာပါ ဒါပေမယ့် ဘယ်ဆပ်ပြာမျိုးနဲ့ပဲဆေးဆေးလက်က သန့်ရှင်းစင်ကျယ်သွား လားမသွားဘူးလား ဆိုတာကို သံသယဖြစ်မိတယ် …….. ဒါကလည်း ဆပ်ပြာတွေအပေါ်ကို ယုံကြည်မှုနည်းတယ်လို့ပဲ ဆိုရမလား […]