sitminnaingJanuary 10, 20121min930
ဂေဇက်ရွာအတွင်းမှီတင်းနေထိုင်ကြကုန်သော ရွာသူ၊ရွာသားအပေါင်းနှင့်ဂေဇက်မိသားစုအပေါင်းတို့အတွက်နှစ်သစ်၂၀၁၂ သည် မင်္ဂလာရှိသော အောင်မြင်မူများရရှိစေသောနှစ်သစ်မင်္ဂလာဖြစ်ပါစေဟု ဆုတောင်းမင်္ဂလာပို့သလိုက်ပါတယ်ခင်ဗျာ… ကျနော်သည်လည်း ဤမန်းဂေဇက်အတွင်းသို့ ဝင်ရောက်နေထိုင်ခဲ့သည်မှာ နှစ်ဝက်ကျော်မျှရှိပါသည်၊၂၀၁၁နှစ်နှောင်းပိုင်းအချိန်မှစ၍ ဂေဇက်သည် သိသိသာသာပြောင်းလည်းတိုးတက်လာပါသည်ဟုထင်ပါသည် ။ရေးသားကြသူများမှာလည်း ိပိုမိုအစွန်းထက်လာကြပါသည်။ပြောရမယ်ဆိုရင် ၂၀၁၁သည် ဆိုရှယ်မိဒီယာများရဲ့အကောင်းဆုံးနှစ်ပါပဲ… ဆိုရှယ်မိဒီယာများ၏ကျေးဇူးကြောင့်၂၀၁၁ သည်လူ့အခွင့်အရေးလူပ်ရှားမူအားအကောင်းဆုံးနှစ်နှင့် အထိရောက်ဆုံးနှစ်ဟု ကုလသမဂ္ဂ လူ့အခွင့်အရေး ကော်မရှင်အကြီးအကဲကလည်း ပြီးခဲ့တဲ့လ ဒီဇင်ဘာလ ၁ဝရက်နေ့ အပြည်ပြည်ဆိုင်ရာလူ့အခွင့်အရေးနေ့မှာပြောကြားခဲ့ပါတယ်။ “2011 ဟာ လူ့အခွင့်အရေးလူပ်ရှားမူတွေနဲ့ပက်သက်ရင်သိပ်ကို တက်ကြွတဲ့နှစ်လို့ပြောနိုင်ပါတယ်၊ဆိုရှယ်မီဒီယာတွေရဲ့ ကူညီပံ့ပိုးအားကလည်း တစ်ကယ်ကို ထိရောက်မူရှိပါတယ်” ဟုလူ့အခွင့်အရေးကော်မရှင် အကြီးအကဲ နာဝီ ပီလေး ကပြောကြားလိုက်ပါတယ်။ “လူ့အခွင့်အရေးအတွက် လူပ်ရှားခဲ့တဲ့ ကျဆုံးသွားကြသော သူရဲကောင်းတွေအတွက်ကတော့ စိတ်မကောင်းစရာပါ၊ တူးနစ်မှကိုင်ရို၊ ကိုင်ရိုမှဘန်ဂါဇီ၊ဒါရာမှာ ကျဆုံးခဲ့တဲ့ လူအခွင့်အရေး လူပ်ရှားခဲ့တဲ့ သူရဲကောင်းတွေကို ကမာ္ဘသူ၊ကမ္ဘာသား အားလုံးက အမှတ်ရနေကြမှာပါ၊လူပ်ရှားခဲ့တဲ့ ပုံစံခြင်း၊အခြေအနေခြင်း မတူပေမယ့် ကျန်ဒေသတွေဖြစ်တဲ့ […]