AKKOOctober 7, 20101min1062
ဆီးချိုရောဂါသည်များအတွက် အစားအစာ ဆီးချိုရောဂါသည် သွေးတွင် အချိုဓါတ်များသောကြောင့် ဖြစ်သည်။ ၎င်းရောဂါကို အစားအစာ၊ ဆီးချိုထိန်းသောက်ဆေးများ၊ အင်ဆူလင်ထိုးဆေးဖြင့်ကုသရသည်။ စနစ်တကျမကုပါက မျက်စေ့မှုန် ခြင်း၊ ကွယ်ခြင်း၊ ကျောက်ကပ်ဝေဒနာ၊ နှလုံးသွေးကြောကျဉ်းဝေဒနာများ ဆင့်ပါွး ဖြစ်လာလိမ့်မည်။  အစားအသောက်ကို စနစ်တကျ အထူးရှောင်ကျဉ်ရန် လိုအပ်ပါသည်။ ဝသော ပုတ်ဂိုများနှင့် အသက် ကြီးမှ ရောဂါ ပေါ်သော ပုတ်ဂိုများသည် အစားအစာထိန်းရုံမျှနှင့် ပုံမှန်ကျန်းမာရေးကောင်းမွန်လာနိုင် မည်ဖြစ်သည်။ ဆီးချိုသောက်ဆေးများမှာ နည်းလွန်းလျှင်လည်း အကျိုးမရှိဘဲ ပိုမိုသောက်ပါကလည်း  သွေးထဲတွင် သကြားဓါတ်လျော့နည်းပြီး အသက်အန်တရာယ်ဖြစ်နိုင်သည်။ထို ့ကြောင့် ဆရာဝန်၏ ညွှန်ကြားချက်အတိုင်း မိမိအတွက် အသင့်တော်ဆုံး ဆီးချိုထိန်းဆေးကို အသင့်တော်ဆုံး ပမာဏအ တိုင်းမှီဝဲရမည်။ မိမိကိုယ်တိုင် ဆီးချိုစစ်ခြင်းနှင့် စိတ်ချရသော ဓါတ်ခွဲခန်းတွင် သွေးချိုစစ်ခြင်းများကို မကြာခဏဆောင်ရွက်ရမည်။ ကြားဖူးနားဝရှိသောအရွက်များကို […]