Ma MaOctober 12, 20111min23113
ဒီဗွီဘီမှ ပြောကြားချက်အရ လူရွှင်တော် ဇာဂနာကို မြစ်ကြီးနားထောင်ပိုင်မှ လေယာဉ်ပေါ်အထိ တင်ပေးမည်ဖြစ်ပြီး ရန်ကုန်လေဆိပ်သို့ ၁၂နာရီကျော်ခန့်တွင် ရောက်ရှိမည်ဖြစ်ကြောင်း သိရပါသည်။ တနိုင်ငံလုံးမှာ လူတိုင်းကိုယ်စီ ဝမ်းသာကြည်နူးမှုများဖြင့် မင်္ဂလာအပေါင်းနှင့် ပြည့်ဝနေသလို ခံစားရပါသည်။


ၾကယ္ေလးJanuary 27, 20111min881
ဇာဂနာ ခေါ် မောင်သူရကို အဖ ဦးနန်းညွန့်ဆွေနှင့် မိခင် ဒေါ် ကြည်ဦးတို့မှ ၁၉၆၁ ဇန်နဝါရီလ (၂၇) ရက်နေ့တွင် မွေးဖွားခဲ့ သည်။ ကိုသူရသည် မြန်မာနိုင်ငံတွင် နာမည်ကြီး လူရွှင်တော်၊ သရုပ်ဆောင်နှင့် ရုပ်ရှင်ဒါရိုက်တာတယောက်လည်းဖြစ်သည်။ သူ သည် မြန်မာနိုင်ငံ၏ စစ်အစိုးရအား ပြစ်တင်ဝေဖန်မှုများကြောင့် မကြာခဏ ထောင်ဒဏ်ကျခံရသူလည်းဖြစ်သည်။ သူသည် မြန် မာအခေါ်အဝေါ် ဇာဂနာ (ဇာဂနာဆိုသည်မှာ သေးမွှားသောအရာ ကို နှုတ်ယူနိုင်သည့် ကရိယာဖြစ်သည်) ဆိုသည့် အမည်ဖြင့် မြန် မာပြည်တွင် နာမည်ကျော်ကြား လူသိများသော လူရွှင်တော်အ ဖြစ်လည်းကောင်း၊ ဟာသမြောက်စွာ လှောင်ပြောင်ရေးသားမှုများ အဖြစ်၊ စစ်အစိုးရကို ဝေဖန်သောသူတဦးအဖြစ်၊ သရုပ်ဆောင်တ ယောက်အဖြစ်လည်းကောင်း လူသိများသည်။ ဇာဂနာကို ၂၀၀၆ ခုနှစ်မှစ၍ […]