naywoon niFebruary 25, 20111min24319
ညီမလေးရေ……… ညီမလေး ပြောတဲ့ ဆာဖာရီလား.. ဘာလား ။ အဲဒါဖွင့်ပွဲလုပ်တာ သိတာပေါ့။ ဒါပေမဲ့ အားမကျပါဘူး။ အားလည်းမပေးချင်ပါဘူး။ ခုလိုအချိန်မျိုးမှာ တို့ဆီမှာ ဒါကြီး(ဆာဖာရီ ဥယျာဉ်ကြီး)ရှိတယ်ဆိုပြီးတော့လည်း ဝမ်းလည်းမသာနိုင်ပါဘူး။ ဂုဏ်လည်းမယူချင်ဘူးလေ။ တစ်ကယ်တမ်း လိုအပ်နေတဲ့ အရာမှမဟုတ်တာ။ တစ်ကယ်တမ်းလိုအပ်နေတာက ခုထိ ကမ္ဘာမပြားသေးတဲ့ လူမွဲတွေ အတွက် အလုပ်အကိုင် အခွင့်အလမ်းတွေ လူငယ်လေးတွေအတွက် ခက်ရာခဲဆစ် သင်ကြားနေရတဲ့ နည်းပညာတွေ လွယ်လွယ်ကူကူ အခမဲ့/အခမဲ့နည်းပါး သင်နိုင်ခွင့်တွေ ။ ဒါတွေလိုအပ်နေချိန်မှာ…..။ ပြီးပြည့်စုံပြီးသား လက်တစ်ဆုတ်စာလောက်ရှိတဲ့ သူတွေ အပမ်းဖြေဖို့ ဥယျာဉ်တွေ မလိုချင် မလိုအပ်သေးဘူးလို့ထင်တယ်လေ။ တစ်ကယ်လို့များပေါ့လေ… ။ ခုညီမလေးပြောတဲ့ ဆာဖာရီ ဥယျာဉ်ကြီး လုပ်မဲ့အစား ကွန်ပြူတာ အခြေခံကို အထက်တန်းကျောင်းတွေမှာ ဘာသာရပ်တစ်ခုအနေနဲ့ ပြဌာန်းပြီး စနစ်တစ်ကျသင်ကြားလို့။ […]