တစ်နေ့က သူငယ်ချင်းတစ်ချို့နဲ့ ထိုင်စကားပြောရင်း တက္ကသိုလ်တက်တုန်းကအကြောင်းတွေရောက်သွားတယ် ကျုပ်တို့တက္ကသိုလ်တက်တုန်းက သူငယ်ချင်းတွေက နိုင်ငံအနှံ့ နယ်စုံကလာတက်ကြတာ…နယ်စုံသလို လူမျိုးလည်းအစုံပါသပေါ့…အဲ့တော့ ကျောင်းပိတ်ပြီဆို ကိုယ့်ရပ်ဋ္ဌာနေကိုယ်ပြန်ကြပေါ့… ပြန်လာကြပြီဆိုပြန်တော့လည်း ဒေသထွက်စားစရာတွေပါလာကြတာမို့ သူငယ်ချင်းတွေဝိုင်းအားပေးကြတာပျော်စရာ….လူစုံသလို အကျင့်စရိုက်ဝါသနာလည်းစုံမှစုံပေါ့… စာပေဝါသနာပါတဲ့သူ၊ ဂီတဝါသနာပါသူ၊ အားကစားဝါသနာပါသူ၊ ပန်းချီဝါသနာပါသူ၊ ကာတွန်းဝါသနာပါသူ၊ နိုင်ငံရေးစိတ်ဝင်စားသူ၊ ဘာကိုမှစိတ်မဝင်စားပဲ ကျောင်းတော်ကြီးက သင်တဲ့စာကိုသာ တစိုက်မတ်မတ်လုပ်တဲ့သူ၊ ဘာရယ်လို့ရေရေရာရာ မရှိပဲ ဟိုစပ်စပ် ဒီစပ်စပ် ယောင်နေတတ်တဲ့သူ (ကျုပ်က အဲ့ထဲပါတာပေါ့ :mrgreenn: ) … စသဖြင့်ပေါ့…ကျောင်းအတူတက်နေကြရတော့လည်း မတူတာတွေဘေးချိတ်ပြီး ခင်မင်ရင်းနှီးစွာပေါင်းသင်းဆက်ဆံခဲ့ကြရတာပါပဲလေ…ကျောင်းသက်တစ်လျှောက် အချင်းချင်း ရန်ဖြစ်တာတောင် မတွေ့ဖူးခဲ့ဘူး… စလို့နောက်လို့ စိတ်ဆိုး စိတ်ကောက်ကြရင်လည်းခဏပါပဲ.. နောက်လည်ပင်းပြန်ဖက်ကြတာပါပဲ…. အဲ့တုန်းက တက္ကသိုလ်တွေမှာက ကိုယ်ဝါသနာပါရာကိုလည်း ကိုယ်လိုက်စားဖို့ အခွင့်အရေးရခဲ့ကြတယ်.. စာပေဆိုလည်းစာပေအလျှောက်..အနုပညာဆိုလည်းအနုပညာအလျှောက်…အားကစားဆိုလည်းအားကစားအလျှောက်… အသင်းအဖွဲ့တွေနဲ့ ပေါင်းသင်းပြီးလှုပ်ရှားနိုင်ခဲ့ကြတဲ့…အင်မတန်မှလွတ်လပ်ပြီး ပျော်စရာကောင်းတဲ့ […]