ဆက်တင်(၁) နေရာက ………. ဟာဝိုင်အီ ကန်းခြေ အချိန်က ………. မနက်ပိုင်း စောစော ၈နာရီလောက် ကမ်းခြေက သဲပြင်ပေါ်မှာ ပွနောက်နေတဲ့ ခြေရာတွေ၊ သဲတွန့်တွေကို ပါလာတဲ့ အဖော် အာဖရိကန်တယောက်ရဲ့ အကူအညီနဲ့ ညီညာပြန့်ဖြူးအောင် ရှင်းနေလေရဲ့။ နေကလည်း စို့စို့လေးပွင့်လာတာမို့ လည်ပင်းပတ်လည် သည်းလာတဲ့ ဆားရနံ့ပါချွေးတွေကို ပါလာတဲ့ တဘက်အဖြူလေးနဲ့ တပတ်လည်သုတ်လိုက်တယ်။ ပြီးမှ ကျကျနနပြန်ခေါက်ပီး ပခုံးပေါ်တင် ….. မျက်မှန်ကို အသာပင့် အသင့်ယူလာတဲ့ လေးထောင့်စပ်စပ် အနက်ရောင် ကိုင်းထူထူနဲ့ မျက်မှန်အကြည်ကို ပြောင်းတတ်ပီး မနေ့ညကမှ တုံးထားတဲ့ ကတုံးပြောင်ကို အသာအယာ တချက်ပွတ်လိုက်တယ်။ ဒီအထိ တော်တော်များများ ဘယ်သူမှ စိတ်မဝင်စားသေးဘူး ………..။ ဆက်တင်(၂) လောလောလတ် ဆားဗစ်စင်တာက ပြန်ရောက်လာတဲ့ […]