ဆူးOctober 24, 20111min46541
ဒို့ခေတ်မှ ညံ့တော့မှာလား ဆိုတဲ့ ပိုစ်လေးမှာ အနည်းဆုံး အမှိုက်တော့ ကောက်ပေါ့ ဆိုတဲ့ စကားလေး ကို ဖတ်မိတော့ အတွေးတခု ဝင်မိတယ်။ သီတင်းကျွှတ်လပြည့်နေ့ က ဘုရားကို လူသိန်းချီ တက်တယ်လို့ ဂျာနယ် တခုမှာ ဖတ်လိုက်မိတယ်။ လူတွေ လာသွားတဲ့ အမှတ်အသား တခုအနေနဲ့ ဘုရားမှာ သီတင်းကျွှတ်လပြည့်ကျော် ၁ရက်နေ့ မနက်ပိုင်း သိဂုတ္တရဥယျာဉ်ကို လမ်းလျှောက်သွားတော့ ဒီရေ ကျသွားလို့ အမှိုက်တွေ နုန်းတွေ လမ်းမှာ ပြည့်နေသလိုပါပဲ အမှိုက်တွေ ကျွှတ်ကျွှတ်အိတ်စတွေ မြင်မကောင်းလောက်အောင်ကို များပြားနေကြပါတယ်။ မြင်ကွင်းက တော်တော် စိတ်မကောင်းဖြစ်စရာ ကောင်းလှတယ်လို့ ထင်မိပါတယ်။   လူကြီး လူငယ် လူရွယ် ကလေးမကျန် အားလုံးကို အမှိုက်ကောက်ပါဆိုတဲ့ အသိပညာထက် အမှိုက်ကို […]