လျှပ်စစ်မီတာခ လျော့ကျစေရေးအတွက် ရန်ကုန်မြို့တွင် နိုဝင်ဘာ ၆ ရက်က ဆန္ဒပြမှုများ ဖြစ်ပွားခဲ့သည်။ ထိုသို့ဆန္ဒပြမှုကို နိုဝင်ဘာ ၆ ရက် ညနေ ၄ နာရီခန့်တွင် ပန်းဘဲတန်းမြို့နယ်၊ သိမ်ကြီးဈေးအနီး သိမ်တော်ကြီးအရှေ့တွင် စတင် ဆန္ဒဖော်ထုတ် ခဲ့ခြင်းဖြစ်ပြီး ဒီမိုကရေစီရေး စဉ်ဆက်မပြတ်လှုပ်ရှားမှု အင်အားစုမှ ကိုသိန်းအောင်မြင့် (အထက် မြန်မာပြည်တာဝန်ခံ) အပါအဝင် ကိုတင်မောင်ကြည် (ရန်ကုန်တိုင်းတာဝန်ခံ)၊ ကိုဇေယျာလင်း (ပြန်ကြားရေးတာဝန်ခံ)၊ ကိုဇာနည် (နိုင်ငံခြားရေးရာ တာဝန်ခံ) နှင့် ကိုနောင်နောင်တို့ ငါးဦးပါဝင်ခဲ့ကာ ဆူးလေဘုရားအထိ လမ်းလျှာက်ကာ ဆန္ဒဖော်ထုတ်ခဲ့ကြခြင်း ဖြစ်သည်။ အဆိုပါ လမ်းလျှောက်ဆန္ဒပြသူများသည် “နိုင်ငံတော် သမ္မတနှင့် ပြည်သူ့လွှတ်တော် နိုင်ငံသားများကို ကယ်တင်ပါ”၊”မီတာခ တိုးမြှင့်ကောက်ခံခြင်း လုပ်ရပ် ချက်ချင်းရပ်”၊ ကုန်ဈေးနှုန်း ကျဆင်းရေး မီတာခတွေ […]