moonpoemJanuary 6, 20141min1086
ကလေးတို ့ရေ တို ့များ ဆမာကဒါနိုင်ငံတော်ကြီးမှာ အထင်ရှားဆုံးမြစ်ဟာ ပဲမြစ်ပဲ ဖြစ်ပြီး အရှည်ဆုံးမြစ်ကတော့ ထန်းပင်မြစ်ပါတဲ့ကွယ်။ နိုင်ငံခြားကို ထုတ်ကုန်အဖြစ်နဲ ့နာမည်ကြီးတဲ့ တွင်းထွက်ရတနာကတော့ ပုရစ်နဲ ့ဖားပြုတ်ပဲ ဖြစ်ကြပါတယ်။ ကလေးတို ့ရေ ဆမာကဒါ နိုင်ငံတော်ကြီးဟာ တောင်မြောက်သွယ်တန်းပြီး ရှေ ့နောက်သွယ်တန်းကာအထက်အောက်ကတော့ တိုတိုတုတ်တုတ်ရှိပါတယ်ကွယ်။ လူမျိုးစုအနေနဲ ့အဓိကအားဖြင့် ၃မျိုးရှိကြပြီးလူမျိုးစုနာမည်တွေကတော့ ဂျလွတ်ပလွတ်လူမျိုး၊တုံစိတုံခါလူမျိုးနဲ ့ ခွာနာလျှာနာလူမျိုးတွေပဲ ဖြစ်ကြပါတယ်။ လူမျိုးစုတွေရဲ ့အဓိက အသက်မွေးဝမ်းကျောင်းလုပ်ငန်းကတော့ အိမ်သာတူးဖော်ရေး လုပ်ငန်း ၊လည်ရာပြန်စားရေး လုပ်ငန်း နဲ ့တောင်ယာလျှောက်သွားရေးလုပ်ငန်းတွေပဲ ဖြစ်ကြပါတယ်။ အခြားသောနိုင်ငံများနဲ ့လည်း ခြံစည်းရိုးချင်းထိစပ်လျက်ရှိပြီး တခါတရံ လမ်းမလွတ်သဖြင့် အပင်ခုတ်ပေးရတဲ့ အခါတွေလည်း ရှိတတ်ပါတယ်။ ဆရာမတို ့ဆမကဒါနိုင်ငံတော်ကြီးမှာ မြစ်ကူးတံတားအဖြစ် မိကျောင်းတွေကို အသုံးပြုလျက်ရှိပြီး […]