etoneMay 27, 20111min22912
ညကဆိတ်ငြိမ်လှသော်လည်း ပူလွန်းသည် …. သန်းခေါင်ယံကျော်ချိန်ပင် အိပ်၍မရသေးပေ… ။ အိပ်ယာထဲ စောစီးစွာ ဝင်လှဲနေသော်လည်း အချိန်အတော်ကြာ အိပ်မရနိုင်အောင် ရှိသည် …. ။ မီးကလည်း ပျက်နေသဖြင့် အိပ်ယာ ဘေးမှ ပြတင်းပေါက်ကို ထဖွင့်ကာ ပြန်လှဲနေလိုက်သည် … ။ ကျမအိပ်ခန်းအပြင်တွင် သရက်ပင်တစ်ပင်ရှိရာ ပြတင်းပေါက်ဖွင့်ထားစဉ်တွင် သရက်ကိုင်းခြောက်များကာ ပြတင်းပေါက်တံခါးလက်များသို့ တရှဲရှဲ လေယူတိုင်း ယိမ်းကာ ရိုက်ခတ်နေကြသည်…. ။ တစ်ခါတစ်ရံ အော်မြည်သော ဇီးကွက်သံလေးများလည်း ကြားရသည်… ။ လပြည့်ညမဟုတ်သော်လည်း လဧ။် အလင်းရောင်များ ကျမအိပ်ခန်းထဲ ဖြန့်ကျက်နေသည် …. ။ ကုတင်ခေါင်းရင်တွင် တင်ထားသော နှိုးစက်နာရီလေး တချက်ချက် လည်ပတ်နေသံနှင့် ကျမဧ။် အသက်ရှူသံမှ လွဲ၍အရာအားလုံး အိပ်မောကျနေကြသည်… ။ […]