SandyFebruary 9, 20121min2159
အခုတော့ထမင်းစားမကောင်းတာနဲ့ဘာချက်စားရင်ကောင်းမလဲလို့စဉ်းစားရင်းအကြံရသွားတယ်။ မြန်မာတွေအကြိုက်ပေါ့” ခရမ်းချဉ်သီးငပိချက်” လေ။ လိုအပ်တာလေးတွေကတော့………………… ၁။ခရမ်းချဉ်သီး(အကြီး၂လုံး) ၂။ငရုတ်သီးဖွဲကြမ်း(အနည်းငယ်) ၃။ငရုတ်သီးစိမ်း(၄တောင့်) ၄။ကြက်သွန်နီ(၂လုံး) ၅။ကြက်သွန်ဖြူ(၁ဥ) ၆။ပုဇွန်ခြောက်မှုန့်(သင့်တော်သလို) ၇။ငံပြာရည်(အချို) ၈။အချိုမှုန့်(အနည်းငယ်) ၉။ပဲဆီ(အနည်းငယ်) အစီအစဉ်လေးတွေကတော့………………… ၁။ခရမ်းချဉ်သီး၂လုံးကိုအရင်ရေနွေးဆူဆူဖြင့်မိနစ်အနည်းငယ်ပြုတ်ပါ။ ၂။ကြက်သွန်အဖြူ၊အနီကိုလေးစိတ်စိတ်ပြီးငရုတ်သီးစိမ်း၊ဖွဲကြမ်းတို့ဖြင့်ရောထောင်းပါ။ (အချိုမှုန့်ပါထည့်ပါ) ၃။ပြုတ်ထားသောခရမ်းချဉ်သီး(အပျော့)ကိုပါရောပြီးထောင်းပါ။ ၄။ရောထောင်းထားပြီးသားများကိုဆီပူပူတွင်စတင်ချက်ပါ။ ၅။ပုဇွန်ခြောက်မှုန့်၊ငံပြာရည်တို့ပါထည့်ပါ။ ၆။သမအောင်မွေပါ။(၅မိန်ခန့်) ၇။လိုက်ဖက်သောတို့စရာများဖြင့်တွဲဖက်စားသုံးနိုင်ပါပြီ။ ဥပမာ………”ဂေါဖီပန်းပွင့်ပြုတ်”၊”နံနံပင်”၊”မုံလာဖူးရွက်ပြုတ်”…………………