manawphyulayJanuary 5, 20121min1105
ဇင်္ဂမအလှူ တိမ်တိုက်လို မတည်မြဲ မခိုင်ခံ့ ရွေ့လျားပြီးပျောက်ကွယ် မေ့လွယ်သော အလှူမျိုးကို ဇင်္ဂမအလှူဟု ခေါ်ကြပါသည်။ယခု ခေတ် ပြုလုပ်နေကြသောအချို့အလှူများသည် ငွေကြေးများစွာ အကုန်အကျခံပြီး မဏ္ဍပ်ကြီးများ၊ ဇာတ်၊ ဆိုင်း၊ အငြိမ့် ပျော်ပွဲရွှင်ပွဲများဖြင့် ကြီး ကြီးကျယ်ကျယ် လှူဒါန်းနေကြပါသည်။ ထိုအလှူမျိုးသည် ဇင်္ဂမအလှူမည်ပါသည်။ မိမ်အလှူဒါနကြောင့် သာသနာအတွက်ရော၊ မြို့ရွာရပ်ရွာအများသူငါအတွက်ပါ ရေရှည်အကျိုးကျေးဇူးမများသည်ကို တွေ့ မြင်ကြရပါသည်။ဂုဏ်ပကာသနတွေအတွက် ငွေကြေးအကုန်အကျများစွာ ခံနေမည့်အစား သာသနာနှင့်အများသူငါ ရေရှည်ချမ်းသာပွားမည့် ထာဝရအလှူမျိုးကို လှူဒါန်းသင့်ကြပါသည်။ ထာဝရအလှူ ၁။ ငှက်ပျော၊ ပိန္နဲ၊ မာလကာ၊ သရက် စသည့်သီးစားသစ်ပင်များနှင့် စံပယ်နှင်းဆီ စသည့်အလှပန်းပင်များ စိုက်ပျိုး၍ ဥယျာဉ်တည်ခြင်း။ ၂။ ကုကိ္ကုပင်၊ မန်ကျီးပင်၊ ညောင်ပင်စသည့် အရိပ်အာဝါသကောင်းသော အရိပ်ရသစ်ပင်ကြီးများကို လမ်းဘေးဝဲယာများ၌ စိုက်ပျိုးခြင်း။ ၃။ […]