Ma MaDecember 26, 20146min28330
၁၀၁ခုမြောက် ပိုစ့်ကို ထိုင်ဝမ်နိုင်ငံက ကမာ္ဘ့အမြင့်ဆုံးအဆောက်အဦအဖြစ် နှစ်ပေါင်းများစွာရပ်တည်ခဲ့တဲ့  TAIPEI 101  OBSERVTORY ကို ရောက်ခဲ့တဲ့အကြောင်း  အမှတ်တရ ရေးချင်ပါတယ်။ (ဒါ့ထက်တိုက်ဆိုင်တာတောင် ဒါ့လောက် မတိုက်ဆိုင်ဘူး :chit:  )       အဆောက်အဦရဲ့ အောက်ခြေ ၅ထပ်မှာတော့ ဘရန်းဒက်ပစ္စည်းတွေ ရောင်းချတဲ့ ဆိုင်ခန်းအများစုနဲ့ အစားအသောက်အခြောက်တွေ ( ချောကလက်၊ ကွတ်ကီး၊ သကြားလုံး စသဖြင့် သယ်သွားရတာမျိုး) ရောင်းတဲ့ဆိုင်တွေ ရှိပါတယ်။   ကြီးကျယ်ခမ်းနားတဲ့ အပြင်အဆင်နဲ့ ဘရန်းဒက်ပစ္စည်းတွေရောင်းတဲ့ ဆိုင်ခန်းတွေနဲ့ လှပခမ်းနားလို့ နေပါတယ်။     အပေါ်ကို တက်ကြည့်ဖို့အတွက် ၅ထပ်ကနေ ဓာတ်လှေကားစီးရပါတယ်။ အပေါ်တက်ကြည့်တဲ့ ဝင်ကြေးက တစ်ယောက်ကို ထိုင်ဝမ်ငွေ ၅၀ဝ (မြန်မာငွေနဲ့ ၁၇၀၀ဝ […]