“သီချင်း ငှက်ကလေးတစ်ကောင်နှင့်……………..……” တစ်ရက် အိမ်ရှေ့မှာထို်င်နေုတန်း ဟိုးခပ်ဝေးဝေးကနေ ဖွင့်ထားတဲ့သီချင်းလေးကခပ်သဲ့သဲ့လေးပျံ့လွင့်လို့လာပါတယ်။ “အဝေးမိုးကောင်းကင်ထက်မှာ ငါ့အလွမ်းငှက်ငယ်လေးတစ်ကောင်……………… အလင်းရောင်လေးရေ ဘယ်ဆီမှာ မင်းလင်းလက်လို့နေလဲ အဝေးက မင်းလေးရဲ့ခေါ်သံ ခြေရာခံရင်းတွေ့တဲ့ ထိရှာမယ်” ဒီသီချင်းလေးကိုကြားမိတော့ ကမ္ဘာမြေကို ပြန်မလာနိုင်တော့တဲ့ သီချင်းငှက်ကလေးတစ်ကောင်ကို သွားသတိရမိပါတယ်။ သတိရတယ်ဆိုလို့ သူနဲ့ကိုယ်နဲ့တွေ့ဘူးသလားဆိုတော့လဲမဟုတ်သေးပါဘူး။ သိလားဆိုရင်တော့ မသိဘူးပေါ့။ မသိဘူးလားဆိုရင်လဲ သိတယ်လို့ဘဲဖြေရပါမယ်။ သိလဲသိတယ် မသိလဲမသိဘူးပေါ့။ အဲဒီအလွမ်းငှက်ကလေးနဲ့ကျနော်ရဲ့ ဆုံတွေခြင်းအစကိုပြန်စဉ်းစားမိတော့…………………… 1985 တက္ကသို်လ်နောက်ဆုံးနှစ်အပြီး မှာတော့ ကျနော်မနှစ်သက်ပေမယ့်လဲ မိသားစုအလိုကျအောင့်အည်းလို့ လေးနှစ်လောက်နေခဲ့ရတဲ့နေရာဌာနကြီး ကိုကျောခိုင်းထွက်ခဲ့ပါတော့တယ်။ ကျနော်အဖေ့ဘက်က မိသားစုအားလုံးက ကျောင်းဆရာ ဆရာမ စာရေးစာချီအစရှိတဲ့ဝန်ထမ်းမိသားစုပါ။ နေ့စဉ် မှန်မှန်ရုံးတက် ရိုးရိုးကုပ်ကုပ်နေ ရလာတဲ့ဝင်ငွေကို တစ်လစာဝေပုံချလို့သုံး၊ ရှုပ်ရှုပ်ထွေးထွေးမရှိ၊ အပြောင်းအလဲမရှိသောဖြတ်သန်းမူ့နဲ့ဘဝကိုတည်ဆောက်လို့ထားကြပါတယ်။ ကျနော်ကတော့ အပြောင်းအလဲအသစ်အဆန်းနှစ်သက်သူ။ ဂီတကိုနှစ်သက်လို့ စာဖတ်ခြင်းကို စွဲမက်သူတစ်ယောက်။ ဆယ်တန်းအောင်စဉ်ကာလ […]