black chawJanuary 8, 20132min38454
အားလုံးကျန်းမာ သက္ကရာဇ် ၂၀၀ဝ မှာ တဲ့…။ အဲဒီစာသား ၁၉၉ဝ ပြည့်လွန်နှစ်များဆီက ခေတ်စားခဲ့ဘူးတာ မှတ်မိနေပါသေးတယ်…။ အခု ၂၀၁၃…။ အာရှတော်ဝင်တို့ SSC တို့ အစရှိတဲ့ မစည်ကားအပ်တဲ့ နေရာတွေမှာ လူတွေ ကြိတ်ကြိတ်တိုး စည်ကားနေတုန်းပါ…။ ဆိုတော့…။ အားလုံးကျန်းမာ သက္ကရာဇ် ၂၀၀ဝ မှာ ဆိုတာကြီးက အခုအချိန်မှာ ပြန်ကြည့်ရင်… ဟာသ ပျက်လုံးတစ်ခုလို ဖြစ်ခဲ့ရပေါ့…။ နောက်…။ အဲဒီ သက္ကရာဇ် ၂၀၀ဝ မှာပဲ ခေတ်စားခဲ့သေးတာတစ်ခုက Y2K ပြသနာကြီးပါ…။ ကမ္ဘာပေါ်မှာ ရှိတဲ့ ကွန်ပျူတာတွေ အားလုံးပဲ ထပေါက်ကွဲတော့မလိုလို…။ လေယဉ်ခရီးစဉ်တွေပဲ ကမောက်ကမ ဖြစ်တော့မလိုလို…။ ဒါပေမယ့်… ဘာမှ မဖြစ်ရင် ဘာမှ မဖြစ်ဘူးဆိုတဲ့ စကားလေးအတိုင်း… ဘာမှ […]