ကိုချစ်ရင်ထူးရေ… “ဒီမိုကရေစီ” ဆိုတာဘာလဲသိချင်ရင် အလွယ်ဆုံးနည်းလေး ပေးချင်ပါတယ်။ ဗိုလ်ချုပ် ရဲ့ ၁၉၄ရ ဇူလိုင် ၁၃ မိန့်ခွန်း မှာပါတဲ့ လွတ်လပ်ရေး ဆိုတဲ့ စကားလုံးတွေနေရာမှာ ဒီမိုကရေစီ လို့ အစားထိုးပြီး ဖတ်လိုက်ပါဗျာ။ မြင်သာအောင် ကျွန်တော် စာလုံးအမည်းနဲ့ ပြပေးထားပါတယ်။ (((ဗမာ့လွတ်လပ်ရေးတုန်းက အဲဒီတုန်းကဆိုလို့ရှိရင် လွတ်လပ်ရေးရပြီ ဆိုတော့ကာ ဟင်္သာတနယ်ထဲမှာ ကျနော်တွေ့ခဲ့တာ၊ ဘာတွေ့သလဲဆိုရင် လမ်းမပေါ်မှာ ထွက်ပြီး ဆေးတွေလှန်းတယ်။ အဲဒီတော့ လမ်းသွားလမ်းလာလုပ်တဲ့သူတွေ အတော်ဂွကျတယ်။ အဲဒါဟာ လွတ်လပ်ရေးမဟုတ်ဘူး။ လွတ်လပ်ရေးဆိုတဲ့ အဓိပ္ပာယ်က ဘာလဲ။ လွတ်လပ်ရေးဆိုတာဟာ ကိုယ့်တစ်ဦးတစ်ယောက် ကောင်းစားဖို့ဖြစ်စေ၊ တမျိုးသားလုံး ကောင်းစားဖို့ဖြစ်စေ၊ လုပ်တဲ့နေရာမှာ အခြားတစ်ဦးတစ်ယောက်ရဲ့ အကျိုးကို မထိခိုက်ပဲနဲ့၊ အခြားလူတွေရဲ့ အကျိုးကို မထိခိုက်ပဲနဲ့ လွတ်လွတ်လပ်လပ် ကိုယ့်တိုးတက်မှုအတွက် […]