ညနေခြောက်နာရီထိုးတော့မယ်ဆိုရင်မယ်ရင့် စိတ်တွေလှုပ်ခတ်နေပြီ။ ခြေလက်မျက်နာသန့်စင်ရုံပဲ သန့်စင်နိုင်ပြီး အကြီးကောင်ကိုမြန်မြန်လှမ်းခေါ်ရတယ်။ အရေးအကြောင်းဆို အကြီးကောင်လည်း အိမ်မှမရှိတတ်ဘူး။ ပျောက်ရင်အိမ်နောက်ဘေးလမ်းမှာ ချည်းပဲ။ မယ်ရင် ခြံစည်းရိုးပေါ်ကနေ လှမ်းခေါ်မှ မျက်နာစူအောင့်အောင့်နဲ့မလာချင်လာချင်ပြန်လာတာ။ ဒီလိုဆိုရင်တော့ လာထားပဲ။ မယ်ရင့်လက်ကလည်းမြန်သလားမမေးနဲ့ အကြီးကောင်ရဲ့ခေါင်းကိုဒေါက်ခနဲခေါက်ချပြီး မယ်ရင် သိချင်တာကို ခိုင်းရတယ်။   “သွား အဘရုံဒီနေ့ညဘာကားလဲလို့၊သေသေချာချာဖတ်ခဲ့နော်၊ လွဲလို့ကတော့ အသေပဲ၊ သွားမြန်မြန်“ အကြီးကောင်က မဲ့တဲ့တဲ့ထွက်သွားပြီဆိုမယ်ရင် အငယ်နှစ်ယောက်ကို ခေါ်ရပြန်တယ်။ အငယ်နှစ်ယောက်ကလည်း အကြီးကောင်လိုပဲ နောက်ဖေးလမ်းကြားထဲမှာကျွတ်ကျွတ်ကိုညံအောင် ဒီး ကူ ဒီး ကူ ဒိုင်း ဒိုင်းလို့ အော်နေတုန်း။ နေပါလေ့စေဦး..။   (၁)   “ ဒါက ဘယ်လဲ“   ကျွတ်။ နေ့တိုင်းလည်း မယ်ရင်ညနေခြောက်နာရီကျော်ရင် ဘယ်သွားမလဲဆိုတာသိနေရက်နဲ့ထပ်ထပ်မေးတာလောက် စိတ်ပျက်တာမရှိဘူး။မေးလိုက်ရင် […]