ဒုက္ခ ………….. ဒုက္ခဆိုသည် အပေါင်းအသင်းအလွန်များသူဖြစ်လေ၏ ထို့ကြောင့် ဒီငနဲသည်ကျွန်ုပ်အပေါ်၌လည်းကောင် သင့်အပေါ်၌ လည်းကောင်း တစ်ကြိမ်တစ်ခါ မျက်စိမှောက် ကြွရောက်ခဲ့ပြီဆိုပါလျှင် လူလွန်မသား ထိုငနွားကား တစ်ဦးတည်းမလာ အဖော်သဟာ ဆွေတစ်သောင်းနှင့် ကောင်းကောင်းထိုးနှက် နှိပ်စက်တတ်သော စိတ်ရင်းမှန်ရှိသည့်အားလျှော်စွာ ကြေလန်ကွဲမှောက် အသက်ပျောက် မတတ် ကျူးလွန် နှိပ်စက်တတ်သော သကောင့်သားတည်း။။။။။။။။ လူဟူသည်က ဒုက္ခအခက်အခဲနဲ့ တွေပလားဟေ့ ဆို အကုန်အခက်တွေ့ရလေတော့သည် လက်တွေ့ အနည်းငယ် ပြောရသော် လကုန်ရက် အသုံးခက်ငွေမလောက် အဲဒီအချိန်လောက်ဆိုလျှင် ပိုက်ဆံမရှိပါဘူးဆိုမ ဖိနပ်ကပြတ်ပြီ၊ ရံခါတွင် ဆံပင်လည်းရှည်လေသည် ၊တစ်ခါတရံတွင်ကား မီးခြစ်က ဂက်စ် ကုန်တတ်၏ တိုင်ဆိုင်မှုများရှိလေသော် သွားတိုက်ဆေးကုန်သဖြင့် ညှစ်လို့မှ မထွက် ဖြစ်တတ်၏ ဓိထက် ကံဆိုးလျှင်ကား သွားပွတ်တံတွင် အမွှေးဖွာ၍ အသစ်ဝယ်သုံးရမည့်အခြေအနေသို့ရောက်၏ ဖြစ်ခြင်တော့ […]