black chawDecember 10, 20111min25711
ဒီနေ့ ပြာသိုလပြည့် နေ့ ဆေးပေါင်းခသည်ဟုလည်း ကြားရပါသည်။ အားလပ်ချိန်လေးရှိတုန်း တတ်နိုင်သလောက် ဖတ်ပြီး တံခါးစောင့် ပို့စ် တစ်ခုထပ်တင်ဖြစ်ပါသည်။ အမြင်မတော်တာ တွေ့လျှင်ဖြင့် ရင်ထဲမှာ ကြိတ်မခံစားကြပဲ ပွင့်ပွင့်လင်းလင်း ဆုံးမနိုင်ကြပါကြောင်း ဘလက်က တံခါးဖွင့်ထားပါသည်။ Kkk ရဲ့ ပိုပို ကောင်းလာတဲ့ MG အကြောင်း နဲ့ စလိုက်ရအောင်ဗျာ နော။ MG က သတင်းတွေရော၊ နိုင်ငံရေး စီးပွားရေး အကြောင်းတွေရော၊ ဓါတ်ပုံတွေရော အားလုံး ဖတ်လို့ ကောင်းလာပါတယ်တဲ့။ ဒါပေမယ့် ကွက်လပ် လေးတစ်ခု ကို မြင်ပါတယ် တဲ့။ ပညာရေးနယ်ပယ်၊ ကျန်းမာရေးနယ်ပယ် နဲ့အခြားသော သာရေး၊နာရေး ကူညီမှုအသင်းအဖွဲ့လေးတွေကို ကူညီပေးဖို့ လိုပါတယ်။ဒါဟာ ကျွန်တော်တို့လူမှုနယ်ပယ်မှာလိုအပ်နေတဲ့ကွက်လပ်လေးတစ်ခုဖြစ်လို့ ဝိုင်းဝန်းရေးသားကြဖို့လည်း အကြံပြုတိုက်တွန်းလိုက်ပါတယ်။ စေတနာနဲ့ […]