fattyFebruary 8, 20111min26116
တခါတော့ အသိတယောက်ခေါ်တာနဲ့ အဘ ဘိုးမင်းခေါင် ဓါတ်စီးမည့်နေရာသို့ရောက်သွားပါတယ်။ အခန်းတွင်းမှာတော့ ဘုရားခန်းကြီးကြီးတခုရှေ့မှာ လှုဘွယ်ဝတ္ထုတွေစုံလင်လှတာတွေ့ရပါတယ်။ ထွက်ရပ်ပေါက် ရဟန်းတော်ကြီးများပုံ လူပုဂ္ဂိုလ်ပုံတို့ကိုလဲ စုံလင်စွာတွေ့ရပါတယ်။ ခဏကြာတော့ ဘိုးမင်းခေါင် ဓါတ်စီးသူဟာ အဘဝင်လာပြီဆိုပြီး အခန်းဒေါင့်မှာ ကျကျနန ခင်းထားတဲ့ထိုင်ခုံပေါ် တက်သွားပါတယ်။ ပြီးတော့လေသံ အမူအယာတွေပြောင်းသွားပါတယ် ..။ မျက်မျန်အမဲကြီးတတ်လိုက်ပါတယ်။ ပြီတော့ပရီတ်သပ် အားလုံးကို ဘုရားကတော့ခိုင်းပါတယ်။ ပြိးတော့ ဓါတ် ပိုင်းဆိုင်ရာတွေ ပညတ်ပိုင်းဆိုင်ရာ အလုပ်တွေလုပ်ပါတယ်။ အလုပ်လုပ်ပုံတွေတော့ အသးစိတ် မဖေါ်ပြလိုပါ။ ပရိတ်သပ်တွေထဲမှာ ကျနော်တွေ့တာတော့ ဒုဝန်ကြီးတယောက် အထူးကု ဆရာဝန်ကြီးနှစ်ယောက် တယောက်က အခု အာရှတော်ဝင်မှာထိုင်ပါတယ်။ နောက်အထူးကု ဆရာဝန်ကြိးတယောက်က မန္တလေးက လေယာဉ်နဲ့ လာရပါတယ်တဲ့။ နာမည်တွေပြောလို့တော့ မကောင်းဘူးပေါ့နော။ နောက်ပြီး စာနယ်ဇင်းက တယောက် ယနေ့နာမည်ရ ဂျာနယ်ပိုင်ရှင် […]