black chawNovember 15, 20122min31536
သိတ်မကြာသေးခင်ကပဲ ကျွန်တော့် ယောက်ခထီးကြီး ကွယ်လွန်သွားခဲ့ပါတယ်…။ ဆေးရုံမှာ ၂ လခွဲလောက်နေပြီး ကျန်းမာရေးကောင်းပြီ ဆိုပြီး အိမ်ရောက်တော့မှ ရုတ်တရက် နှလုံးရပ်ပြီး ကွယ်လွန်သွားခဲ့တာပါ…။ ကျွန်တော့်မှာလည်း အသက်လေးက နည်းနည်း ရလာပြီဆိုတော့ သေခြင်းတရားကို နည်းနည်း (တကယ်နည်းနည်းပါဗျာ) ဆင်ခြင်မိလာပါတယ်…။ ကျွန်တော့်အဖေက အသက် ၈၆ နှစ် အမေက အသက် ၇ရ နှစ် ဆိုတော့ အချိန်မရွေးခွဲခွာသွားနိုင်တယ်ဆိုတဲ့ အတွေးကလည်း တစ်ခါတစ်ခါ စိတ်ကို ပူလောင်စေပါတယ်…။ ပိုဂရုစိုက်ဖြစ်တယ်ပေါ့ဗျာ…။ တစ်ယောက်တည်း ကျန်ခဲ့ရှာတဲ့ ကျွန်တော့်ယောက်ခမကြီးကလည်း ၇ဝ ကျော်လာခဲ့ပြီဆိုတော့… မဒမ်ဘလက်က အမြဲတမ်းစိုးရိမ်နေပါတယ်…။ ဆိုတော့… အခု ဓါတ်ပုံလေးတချို့ တင်ပြမလို့ပါဗျာ…။ တစ်စုံတစ်ခုသော တရားကို ပြနိုင်မလားရယ်လို့… ဝတ္ထုတိုလေး တစ်ပုဒ်လို တင်ပြဖို့ ကြိုးစားကြည့်ချင်ပါတယ်…။ ကြည့်ပြီး […]