black chawJanuary 30, 20124min21720
ပြီးခဲ့တဲ့ စနေ၊ တနင်္ဂနွေ နှစ်ရက်လုံး ကျွန်တော် အနားမရခဲ့ပါဘူး။ စနေနေ့မှာ သူငယ်ချင်းတစ်ယောက် ရဲ့ သမီးလေး ဒဂုံတက္ကသိုလ်မှာ ဘွဲ့ယူလို့ အကူအညီတောင်းသဖြင့် လိုက်ပို့ခဲ့ရပါသည်။ ခေတ်သစ်ဘွဲ့နှင်းသဘင် ယဉ်ကျေးမှုတစ်ခုကို ရွာသူရွာသားတွေလည်း သိထားရအောင် ဓါတ်ပုံလေးတွေ ရိုက်လာခဲ့ပါတယ်။ ဒဂုံတက္ကသိုလ် ကျောင်းသားကျောင်းသူဟောင်းတွေလည်း အလွမ်းပြေပေါ့ဗျာ။ ရန်ကုန်တက္ကသိုလ် ကို ကန့်ကော်တောလို့ ခေါ်ကြတယ်ဗျ။ ဒဂုံတက္ကသိုလ်ကိုတော့ စွယ်တော်ရိပ်လို့ အမည်ပေးသင့်တယ်။ တကယ်ကို စွယ်တော်ပင်တွေ ကြီးပဲ တွေ့ခဲ့ရလို့ပါ။ လှတယ်ထင်လို့ ရိုက်ခဲ့တဲ့ စွယ်တော် ရွက်ကလေးတွေပါ။ ဒါက စနေနေ့မှာ ရောက်ခဲ့တဲ့ ဒဂုံတက္ကသိုလ်ထဲမှာ ရိုက်ခဲ့တာပါ။ တနင်္ဂနွေ နေ့ မနက်စောစောမှာတော့ သုံးဆယ် ဆရာတောကြီး ရှိနေတဲ့ ရန်ကုန်-ပြည်လမ်းနံဘေးက သုံးဆယ်မြို့လေးဆီ မိသားစုလိုက် ချီတက်ခဲ့ကြပါတယ်။ ဆရာတော်ကြီးကို ဖူးမျှော်ဘူးသူတွေလည်း […]