နည်ရဲဇော်October 16, 20111min31918
ကျွန်တော်ဟာအားနာတတ်သူလား၊ ပျော့ညံ့တတ်သူလား။ နှစ်ခုစလုံးလည်းဖြစ်ချင်ဖြစ်မည်။ သေချာတာကတော့ လူမှုဆက်ဆံရေးမှာ “ဟင့်အင်း“ဟုပြောရမှာအင်မတန်ဝန်လေးတတ်သည်။ ဒါပေမယ့် အခါများစွာမှာ “ဟင့်အင်း“ငြင်းလိုက်မိပြီးမှ နောင်တ ရနေတတ်တာများလာတော့ ဒါကို ပြန်သုံးသပ်ကြည့်လာ ရတော့သည်။ တော်ရုံတန်ရုံ သိကျွမ်းသည့်မိတ်ဆွေ မင်္ဂလာဆောင်ကို လက်ဖွဲ့ပို့ပေးလိုက်လို့ရပါလျက် လမ်းမှာတွေ့မတော်တဆတွေ့ကာ လာဖြစ်အောင်လာခဲ့ဦးနော်ဆိုလို့ သတို့သားနှင့်သတို့သမီး လမ်းလျှောက်တာ၊ ရေခဲမုန့်ခွံ့ကျွေးတာကို ရွှေတွေသီးနေအောင်ဝတ်ထားသည့် အန်တီကြီးတွေအပြိုင်ကြွားကြတာသုံးနာရီလောက်ထိုင်ကြည့်ခဲ့ဖူးသည်။ အလှူတွေမှာ မုန့်ဟင်းခါးစားတဲ့အခါ အိမ်ကမနက်စာစားလာခဲ့ပြီးဖြစ်လို့ ဟန်မပျက် တစ်ပွဲလောက်စားပါလျက် “စားပါဦး။ ထပ်ထည့်ပါဦး။ အဝစားနော်မစားရင်စိတ်ဆိုးမှာ” ဟုပြောပြောဆိုဆိုနဲ့ပန်းကန်ထဲထည့်လာသည့်အခါ မကုန်ကုန်အောင်စားခဲ့ရတာမျိုးလည်းရှိသည်။ စာကြည့်နေတုန်း ရုပ်ရှင်သွားကြည့်ဖို့ခေါ်သည့် သူငယ်ချင်းကို တစ်ခါငြင်း၊ နှစ်ခါငြင်း၊ သုံးလးခါထပ်ခေါ်တော့ လိုက်သွားရတာမျိုးလည်းရှိသည်။ လူ့ဘဝမှာ “ဟင့်အင်း” ဟုမငြင်းရမည့်အခြေအနေမျိုးတွေလည်းအများကြီးရှိပါသည်။ ဒုက္ခရောက်နေသည့်မိတ်ဆွေ အကူအညီတောင်းလာသည့်အခါ ကိုယ်ကလည်း ကူညီနိုင်ပါက ငြင်းဖို့မသင့်ဘူးပေါ့။ လောကဝတ္တရား၊ မိသားစု ဝတ္တရား၊ အလုပ်ဝတ္တရားအရ ”NO” […]