“မက်ညာဏ်”..“ဖိုညာဏ်”..။။ တစ်ရွာထဲတော့အတူနေကြတာပဲဗျ  လူချင်းလဲခင်ပါတယ် ရပ်ကျိုးရွာကျိုးလည်းအတူတွဲ လုပ်နေတာပဲလေ အဓိက ကတော့ အလှူအတန်းဆို သူတို့နှစ်ယောက်ကို ကြွခဲ့ပါခေါ်စရာမလို ဖိတ်စာမလို သူတို့ဖာသာအသီးသီးကိုယ် ကျွမ်းကျင်ရာ နေရာဝင်ပြီး အလှူအတွက် အလုပ်လုပ်ကြတော့တာပဲဗျ  တစ်ရွာလုံးကလဲ သူတို့ နှစ်ယောက်ကို ခင်မင်ကြတယ်လေ စိတ်သဘောထားကောင်းတဲ့ လူနှစ်ယောက်ပေမို့ တစ်ရွာလုံးအပြင် တစ်ရပ်လုံးကလဲ ခင်ကြပါတယ် …။။ တစ်ခုပဲ   အဲ… ဒါပေမယ့်နှစ်ခုဗျ ဟုတ်တယ်လေ သူတို့နှစ်ယောက်ကနာမည်တစ်လုံးကို နှစ်ယောက်မျှသုံးနေကြတာပဲလေ တစ်ရွာလုံး မှရှားရှားပါးပါး နာမည်က တူတာဆိုလို့ သူတို့နှစ်ယောက်ပဲရှိတယ် နှစ်ယောက်လုံးရဲ့ နာမည်က “ကိုညာဏ်” အဲဒီလိုနာမည်တူရှိလာပြီးဆိုရင် လူတွေဟာ ပဉာတ် သဘောတစ်ခုထဲနဲ့ မှည့်ခေါ်တဲ့နာမည်အပြင် နာမည်ရဲ့ အရှေ့ကနေ ဝိဂြိုလ် ဝိသေသ သဘောတစ်ခုထည့်ပြီး ခွဲခြားခေါ်ဝေါ် တတ်ကြတာ  မြန်မာလူမျိုးတွေရဲ့ ထူးခြားတဲ့  ဝေါဟာရကြွယ်ဝမှုနဲ့ […]