etoneNovember 22, 20111min29816
တစ်နေ့လုံး စိတ်ဖိစီးမှုများစွာနဲ့ အလုပ်လုပ်ပြီး အိမ်ပြန်လာတဲ့ လူကို ထိုင်ခွင့်တောင်မပေးပဲ အသံတဆာဆာနဲ့ ပြေးလာပြီး စာအိတ်လေးတအိတ်ပေးသူကတော့ ကျွန်မရဲ့ တူလေးပေါ့ ။  တီတီလေး ဆီစာလာတယ် လို့အော်ပြီးပြေးလာတဲ့သူ့ကို ချော်မလဲအောင် ဆီးဖမ်းထားလိုက်ပြီး ဘယ်သူ့ဆီကစာများလဲစာအိတ်ကို ကြည့်တော့ လက်ရေးက ပဲပင်ပေါက်လက်ရေးနဲ့ အိမ်လိပ်စာကို အင်္ဂလိပ်ဘာသာနဲ့ အဆင်ပြေသလိုရေးထားတာပါ ။ ကျောင်းပြီးကတည်းက ဘာစာမှ အိမ်ကို လာဖို့မရှိပါပဲ ယခုစာတစ်စောင်ရောက်လာတယ်ဆိုတော့ တစ်ခုခုပါပဲ တွေးရင်း သိချင်စိတ်ပြင်းပြနေပေမယ့် ၊ အရေးကြီးတဲ့ စာလည်း ဟုတ်မယ်မထင်တာကြောင့် ပေါ့ပေါ့တန်တန်ပဲ ပိုက်ဆံအိတ်ထဲ ပစ်ထည့်ပြီး ရေအရင်ချိုး ၊ညစာ စားလိုက်တယ် ။ အိပ်ခါနီးကျမှ တူလေးလာပေးတဲ့ စာအိတ်လေးကို သတိရပြီး ကျွန်မဖွင့်ဖတ်မိပါတယ် ။ အီးမေလ်း အင်တာနက်တွေ တွင်တွင်ကျယ်ကျယ် အသုံးပြုနေတဲ့ ဒီခေတ်ထဲ […]