Khaing KhaingMay 30, 20121min65378
အခုရက်ပိုင်း ကျွန်မရွာထဲသိပ်မဝင်ဖြစ်ဘူး …….. ရွာသူရွာသားသူငယ်ချင်းတွေက ဒါလေးဖတ်ကြည့် ဟိုဟာလေးကရီရတယ်ဆိုမှ ကျွန်မခဏဝင်မန့်ဖြစ်တယ် ……….. ကျွန်မတို့ ရုံးကပြောင်းရွေ့တော့မှာရယ် လကုန်ခါနီးအလုပ်ကိစ္စလေးတွေရှုပ်နေတာရယ်ကြောင့် ရွာသူရွာသားတွေရဲ့ပို့စ်တွေကိုတွေ့ သော် ငြားဝင်ရောက်ဆွေးနွေးခြင်းမပြုဖြစ်ဘူး ဒါပေမယ့် မထင်မှတ်ပဲ ရွာသူရွာသားထဲက တစ်ယောက် ကျွန်မကိုလာပြောတယ် ရွာထဲမှာစာသိပ်မရေးချင်တော့ဘူးတဲ့ ကျွန်မကိုလည်းမရေးဘူးလားလို့ မေးနေတယ် ကျွန်မကအချိန်မရှိလို့မရေးဖြစ်တာကိုပြန်ပြောတော့ သူကတော့ “ရွာထဲမှာ အနီလုပ်နေတဲ့ အုပ်စုရှိတယ်တဲ့” ကျွန်မလည်းမနေ့ကတိုက်တိုက်ဆိုင်ဆိုင် ကျွန်မပို့စ်အဟောင်းတစ်ခု ကိုဝင်ကြည့်မိတယ် “ပန်း”ဆိုတဲ့ပို့စ်ပါ ကျွန်မအမျိုးသားကရုံးကိုလိုက်လာတယ်လေ သူ့ကိုကျွန်မတင်ထားတဲ့ပို့စ်လေးရယ် ကျွန်မရိုက်ထားတဲ့ဓာတ်ပုံလက်ရာလေးတွေကိုပြချင်လို့ ဖွင့်ကြည့်တော့ အရမ်းကိုအံ့ဩသွားတယ် ပို့စ်တစ်ခုလုံးမှာ နီရဲ့နေတာပါပဲ ကျွန်မရဲ့ပို့စ်က မိုက်ရိုင်းတဲ့ပို့စ်တစ်ခုမဟုတ်တာတော့သေချာပါတယ် ပန်းလေးတွေပဲတင်ထားတာပါ အောက်ကမန့်ကြတဲ့ ရွာသူရွာသားတွေကလည်း ယဉ်ယဉ်ကျေးကျေးရေးထားတာပါ ဒါပေသည့်အနီတွေပေးထားတာ တော့်တော့်ကိုအံ့ဩမိတယ် အနီပေးခြင်းရဲ့ ရည်ရွယ်ချက် ကိုသေချာသိစေချင်တယ် ကျွန်မရွာထဲကိုဝင်တာ မည်သူကိုမျှအနီမပေးဖူးပါဘူး ကျွန်မရဲ့အနီအပေါ်ထားတဲ့ရည်ရွယ်ချက်က ရိုင်းစိုင်းစွာပြောဆိုတာတွေကိုပဲနီသင့်တယ်လို့ထင်တယ် ကျွန်မရဲ့ပို့စ်မှာ နီနေတာဟာ […]