Ma MaOctober 11, 20115min33326
နီပေါက ပုံတွေ ရိုက်လာခဲ့ဖို့ တောင်းဆိုထားသူတွေအတွက်…………. ဒါကတော့ လုမ္မိနီက မြန်မာကျောင်းမှာတွေ့ခဲ့တဲ့ မြေပုံဖြစ်ပါတယ်။ နီပေါမှာ လမ်းဆုံလမ်းခွတွေမှာ ဖွားတော်မူပြီးစ လက်ကလေးတစ်ချောင်းထောင်ပြီး လမ်းလျှောက်တဲ့ ကလေးပုံရုပ်ထုလေးကို ထားတတ်ကြတယ်။ သူတို့တွေက ဗုဒ္ဒ္စဘာသာ မဟုတ်ကြပေမယ့် မြတ်စွာဘုရားက သူတို့ဆီမှာ ဖွားမြင်တာ ဆိုတာကို ဂုဏ်ယူကြတယ်။ (ကားသွားရင်းနဲ့မို့ အဲဒီပုံကိုတော့ ရအောင်မရိုက်နိုင်ခဲ့ဘူး။) ပုံမှာပါတဲ့အတိုင်း မျက်လုံးနှစ်လုံးကိုလည်း နေရာအတော်များများမှာ ရေးဆွဲထားတတ်ကြတယ်။ သူတို့ရဲ့အယူအဆအရ ကိုယ်တစ်ယောက်တည်း ရှိနေချိန် ဖြစ်ပေမယ့် မဟုတ်တာလုပ်ရင် လောကကြီးမှာ မျက်လုံးနှစ်လုံးက အမြဲတမ်းစောင့်ကြည့်နေတာလို့ ဆိုလိုတယ်။ သဘောကတော့ မကောင်းမှုဟူသည် ဆိတ်ကွယ်ရာမရှိ ဆိုတဲ့သဘောပဲ။ အဲဒါကတော့ မကောင်းမှုကို မပြုရဲအောင် သတိပေးတဲ့သဘောပေ့ါ။ လုမ္မိနီ အင်ကြင်းတောက မြတ်စွာဘုရားဖွားတော်မူရာနေရာကို အာသောကမင်းကြီးက အထိမ်းအမှတ်အနေနဲ့ ဆောက်လုပ်ထားခဲ့ပါတယ်။ အဲဒီနေရာကို အုတ်ရိုးတွေ […]