manawphyulayJuly 10, 20121min63726
အူးအူးလေးကတော့ ကျောင်းပြန်လာရင် ဆော့ဖို့ ရပ်ကွက်ထဲရောက်ရောက်နေလို့ မနည်းပြန်ခေါ်ယူရသည်။ မစိန်ပေါက်တစ်ယောက် ရောက်ချလာခဲ့သည်။ “ဖရဲမရေ…” “ဪ… မစိန်ပေါက် လာလေ။ အိမ်ထဲဝင်ပါဦး” “အိမ်ထဲ ဝင်ဖို့ လာတာပါပဲ။ ပြချင်တာလေးတွေရှိလို့လေ” “ဘာများလဲ မမစိန်ရဲ့” “ဒီမှာ ခုပေါ်တဲ့ ဖောရိန်ရှန်စလေးတွေလေ။ ဈေးလေးလည်း မဆိုးဘူး။ ညီမများ ယူမလားလို့” “ဪ မယူနိုင်သေးပါဘူးမမရယ်” ကိုယ့်ဝမ်းနာ ကိုယ်သာ သိပါသည်။ ကိုကိုဂီရဲ့ စာရေးခလေးနဲ့ အိမ်လခနဲ့ အိမ်သုံးစရိတ် နောက် မီတာခ ရပ်ကွက်သာရေး နာရေးကိစ္စလေးတွေနဲ့ လောက်ငအောင် သုံးနေသည့် ကိုယ့်အကြောင်းပဲ ကိုယ်ပဲ သိသည်။ “ဖရဲမတို့များ အသစ်ပေါ်နေတာ ဝယ်ဝတ်ပါအေ။ ကျုပ်နဲ့များ ကွာပါ့။ ကျုပ်ကတော့ ပေါ်တာနဲ့ ပေါ်တဲ့အဆင် ကိုယ်ပေါ်ရောက်ပြီးသားပဲ” အင်း တစ်ဦးနဲ့ တစ်ဦးကတော့ […]