ပညာရေး၊ ကျန်းမာရေး အပါအဝင် လူမှုရေး ကဏ္ဍအတွက် အစိုးရ အသုံးစရိတ်မှာ စုစုပေါင်း နိုင်ငံ့သုံးစွဲငွေ၏ ၈ ဒသမ ၈ ရာခိုင် နှုန်းခန့်သာရှိပြီး ယင်းကဏ္ဍများအတွက် လူတစ်ဦး တစ်နှစ်အသုံးစရိတ်မှာ ကျပ် ၉၀၀ဝ အောက်သာ ရှိနေကြောင်း သိရသည်။ ယင်းအချက်အလက်များကို နိုဝင်ဘာ ၆ ရက်က ဆီဒိုးနားဟိုတယ်၌ ကျင်းပခဲ့သည့် ကလေးသူငယ်များအတွက် လူမှုရေးဆိုင်ရာ ဘဏ္ဍာငွေသုံးစွဲမှု တိုးမြှင့်ခြင်းနှင့် ပတ်သက်၍ ယူနီဆက် (ဖ်) မှ ကျင်းပသည့် သတင်းစာ ရှင်းလင်းပွဲတွင် ဖြန့်ဝေသော အချက်အလက်များအရ သိရသည်။ နိုင်ငံတကာ ငွေကြေးရန်ပုံငွေအဖွဲ့ (IMF) ရရှိခဲ့သော စာရင်းများအရ ၂၀၁၂ ခုနှစ်တွင် မြန်မာနိုင်ငံ အစိုးရအနေဖြင့် ၎င်း၏ ပြုပြင်ပြောင်းလဲမှု လုပ်ငန်းစဉ်တစ်ရပ်အဖြစ် လက်ရှိ […]