moonpoemAugust 5, 20111min35626
လူ ့ဘဝမှာ အပျော်ရွှင်ဆုံးအချိန် ၃ချိန်ရှိတယ်တဲ့။ ရှင်လိင်ပြန်တဲ့နေ ့၊ ထောင်ကထွက်တဲ့နေ ့၊ မင်္ဂလာဆောင်တဲ့နေ ့တဲ့။(ကြားဘူးတာကို ရေးတာကြောင့် မှားခဲ့ရင်လည်း ပြင်ပေးကြပါဦး)။ သေသေချာချာ သတိထားပြီးစဉ်းစားကြည့်မယ်ဆိုရင် အဲဒါအမျိုးသားတွေအတွက်ကိုပဲ ရည်ရွယ်သလားလို ့ထင်မိပါတယ်။ ဟုတ်တယ်လေနော် ရှင်လိင်ပြန်တယ်ဆိုတာက ဘုန်းကြီးလူထွက်တာ၊ မိန်းကလေးတွေ အတွက် မယ်သီလရှင်လူထွက်တာကိုရော ထည့်တွက်လို ့ရသလား။ ထောင်ကထွက်တယ်ဆိုတာကို စဉ်းစား ကြည့်မယ်ဆိုရင်လည်း အမျိုးသားအများစုကသာလျှင် ခိုက်ရန်ဖြစ်ပွားမှုကစလို ့ထောင်ကျပြီး ထောင်ထွက်တဲ့နေ ့က ပျော်တာကို ဆိုလိုတယ်လို ့ထင်ပါတယ်။ အမျိုးသမီးတွေ ထောင်ကျတာ ရှိသော်လည်း ရာခိုင်နှုန်းနည်းတယ် မဟုတ်ပါလား(ရန်တော့ ဖြစ်ကုန်တော့မယ်ထင်တယ်)။ အဲနောက်ဆုံးမင်္ဂလာဆောင်တဲ့နေ ့အပျော်ကတော့ ကျွန်မလည်း မသိပါဘူး။ ရွာသူရွာသားထဲက အိမ်ထောင်ရှင်တွေကို ဗျူးကြည့်တာ ကောင်းပါလိမ့်မယ်။ စာတွေပေတွေထဲမှာ ပါတတ်တဲ့ အပျော်သုံးမျိုးထဲမှာ ကျွန်မထပ်ဖြည့်ချင်တာက […]