manawphyulayJune 11, 20121min46518
ယနေ့ မနက် ၉ နာရီခန့်က တောင်းအေ့ကားတစ်စီးကားတိုက်မှု ဖြစ်ပွားခဲ့တာကို မြင်တွေ့ခဲ့ရပါတယ်။ တိုက်ခံရသူကတော့ ကျွန်မစီးလာတဲ့ကား အနားရောက်တော့ အဘွားအိုလို ယူဆရပြီး ပွဲချင်းပြီး သေဆုံးနေတာကို မြင်ရပြီး အပေါ်က မလုံ့တလုံ ဖုံးအုပ်ထားပါတယ်။ ကားကတော့ ရွှေဘုံသာ မီးပွိုင့်မရောက်ခင်မှာ ကန့်လန့်ဖြတ်ဖြစ်နေပါတယ်။ ကျွန်မလည်း ဓာတ်ပုံရိုက်မလို့ ပြင်ဆင်နေချိန်မှာ ကားကြောကို အမြန်မောင်းဖို့ ပြောနေတော့ စီးလာတဲ့ကားက တောက်လျှောက် ဆူးလေကို မောင်းတော့ မရိုက်လိုက်ရပါဘူး။ နောက်တစ်ချက် ကျွန်မ မြင်မိပြီးတော့ ရင်ထဲမကောင်းလို့ ဓာတ်ပုံရိုက်မိရင် အမြဲမြင်ပြီး ပိုဆိုးမယ်လို့ ကိုယ့်ဘာသာလည်း စိတ်ထဲမှာဖြစ်မိသွားပါတယ်။ ရဲတွေကော ပုလိပ်တွေကော ရပ်ကြည့်နေတဲ့ လူတွေပါ အများကြီး ဝိုင်းအုံနေပါတယ်။ ကားလမ်းဖြတ်ကူးတဲ့အခါ လူတိုင်း သတိထားကြဖို့ ပြောချင်မိပါတယ်။