ဆူးOctober 14, 20103min32231
စင်ပေါ်မှာ အဆိုတော်တွေ မင်္ဂလာပါ လုပ်သလိုဘဲ.. ဓါတ်ပုံရိုက်တဲ့ လူကနေ တဆင့် ကြည့် နေတဲ့ လူတွေ အားလုံးကို မင်္ဂလာပါ လုပ်နေတယ်။ မိဘ မေတ္တာနဲ့ လွမ်းခြုံလို့ အနွေးဓါတ်တွေ ပေးထားတာ.. ဗိုက်ဆာနေတဲ့ ကလေးအတွက် မိဘရဲ့ မပျက်ကွက်တဲ့ မေတ္တာနဲ့ ကျွေးမွေးနေတယ်။ သူလည်း ကလေးတွေ အတွက်ဘဲလား.. အောက်က ငါးကလေးကတော့ တုန်လှုပ်ခြောက်ခြားနေတယ် လို့ ခံစားမိတယ်။ ဒီအကောင်လေး ကြည့်တော့လည်း ငယ်ငယ်က ဒီနေရာ ငါနေရာ ဆိုပြီး ရွယ်တူတွေ အချင်းချင်း နေရာဦးတာကို သတိရမိတယ်။ သေမှာကို မသိရှာဘဲ ခပ်တည်တည် နေနိုင်တာ.. ငှက်ကလေးရဲ့ သေမင်းက အနောက်မှာ တင် ရှိနေတာ.. လူသားတွေလည်း ဒီလိုဘဲ.. ပုံပြင်တွေ ထဲကလို […]